ပညာ​ရေး​သပိတ်အတွက် ဗ​က​သရဲ့​တောင်း​ဆို​ချက် ထွက်လာ

latpadan_students_march
Image caption တောင်းဆိုထားချက် တွေကို အင်္ဂါနေ့ အမီ တုန့်ပြန်ဖို့ ဗကသ ထုတ်ပြန်။

လက်ပံတန်း မြို့မှာ ပိတ်ဆို့ ခံထားရတဲ့ သပိတ်မှောက် ကျောင်းသား တွေ ရဲ့ အရေးပေါ် ကြေညာချက် ဆိုပြီး တနင်္ဂနွေ နေ့ က ထွက်လာတာ မှာ သပိတ် စစ်ကြောင်း ရန်ကုန် ကို အမြန်ဆုံး ရောက် နိုင်ရေး အတွက် အာဏာပိုင် တွေ နဲ့ ဆွေးနွေး တောင်းဆို ထားတာ တွေ ကို အခု လာမယ့် ၁၀ ရက် နေ့ အင်္ဂါနေ့ မနက် ၁၀ နာရီ နောက်ဆုံး ထားပြီး အစိုးရ တာဝန် ရှိသူတွေ က ဖြေရှင်း ပေးပါ လို့ ပါဝင် ပါတယ်။

ကျောင်းသား တွေ ကို လက်ပံတန်းမြို့ ကျွန်းကလေး လမ်းဆုံ မှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေ က ပိတ်ဆို့ ထားတာ သီတင်းတစ်ပတ် ရှိလာပြီ ဖြစ်ပါတယ်။

ပိတ်ဆို့ ခံရပြီး နောက်တစ်ရက် ပဲခူးတိုင်း နယ်လုံဝန်ကြီး နဲ့ ကျောင်းသား တွေ တွေ့ဆုံစဉ် မှာ သပိတ် စစ်ကြောင်း အနေနဲ့ သာယာဝတီ အထိ လမ်းလျှောက်ပြီး ရန်ကုန် ကို ကားနဲ့ ဝင်ရောက် ဖို့ အပါအဝင် အချက် ၈ ချက် ကို တောင်း ဆို ထားတာ ဖြစ်ပါတယ်။

အာဏာပိုင် တွေ ဘက်က တုန့်ပြန်ဖို့ အချိန်ဆွဲ ပြီး ဆက်လက် ပိတ်ဆို့ ထားတဲ့ အတွက် ၁၀ တန်း စာမေးပွဲ တွေ မစတင် မီ ဖြေရှင်းပေး ဖို့ အခုလို တောင်း ဆိုရတာ ဖြစ်တယ် လို့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ ပြန်ကြား ရေး တာဝန်ခံ ကိုရဲရင့်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ဒေသခံ ရဲ အာဏာ ပိုင် အကြီးအကဲ ကတော့ အခု ပိတ်မိနေ တဲ့ ကျောင်းသားတွေ ကို အကြမ်းဖက် ဖြိုခွဲ တာမျိုး မလုပ်ပါဘူး ဆိုပြီး မီဒီယာ တွေ ကို ပြောထားတာ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ