သပိတ်စစ်ကြောင်း ၆ ရက်ကြာ အခြေအနေ

  • 8 မတ် 2015
student
Image caption လက်ပံတန်းမှာ လုံခြုံရေး တားဆီးမှု ရှိနေဆဲ

လက်ပံတန်းမှာ ပိတ်မိနေတဲ့ ဒီမိုကရေစီပညာရေး ပင်မ သပိတ်စစ်ကြောင်းက ကျောင်းသားတွေ ဆွေးနွေး တိုင်ပင် နေကြပြီး မကြာခင်မှာ ဆုံးဖြတ်ချက် တခု ချမှတ်နိုင်မယ်လို့ သိရ ပါတယ်။

လက်ပံတန်းမှာ ရှိနေတဲ့ သပိတ်မှောက် ကျောင်းသားတွေကို အဆိုတော် ကိုရဲလွင် ဦးဆောင်တဲ့ ဂီတ ပညာရှင်တွေ၊ ကဗျာဆရာနဲ့ စာရေးဆရာ သမဂ္ဂတွေ ၊ နိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (NNER)အဖွဲ့ဝင် တွေက လာရောက် အားပေးခဲ့ပါတယ်။

အရင်ရက်က ကယား ပြည်နယ်နဲ့ ရှမ်းပြည်နယ် က လာတဲ့ သပိတ် စစ်ကြောင်း က ကျောင်းသားတွေ ကတော့ အတားအဆီး တွေ ရှိတဲ့ကြားက လက်ပံတန်း က သပိတ်မှောက် ကျောင်းသား တွေ ဆီကို အရောက် လာနိုင် ခဲ့ကြပါတယ်။

လက်ပံတန်းက ကျောင်းသား တွေကို ပိတ်ဆို့ ထားတာ ဖွင့်ပေးဖို့ နဲ့ ရန်ကုန်က ဆန္ဒပြ ကျောင်းသား တွေကို အကြမ်းဖက် တဲ့ ကိစ္စ အတွက် မှော်ဘီမှာ ရှိတဲ့ ကျောင်းသား ၂ဝ လောက် ကလည်း ဒီမနက်က မှော်ဘီဈေး ရှေ့မှာ ဆန္ဒပြ ခဲ့ကြပါတယ်။

လက်ပံတန်း မှာ တားဆီး ပိတ်ဆို့ ခံထားရတဲ့ ကျောင်းသား တွေဟာ အခုဆိုရင် ၆ ရက်မြောက် ရှိနေပြီဖြစ်ပြီး အမိုးအကာ မရှိတဲ့ လမ်းပေါ်မှာ နေ့ခင်းနေပူ ညမှာ နှင်းကျတဲ့ ဒဏ်တွေကြောင့် ဖျားတဲ့နာတဲ့လူတွေ တိုးလာနေတယ် လို့လည်း သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ