ပညာ​ရေး​ဥပဒေ​ပြင်ဆင်​ရေး အကြပ်​အတည်း​ကို စုပေါင်း​ဖြေ​ရှင်း​ကြ​ဖို့ ၈⁠၈​မျိုး​ဆက် တိုက်​တွန်း

latpadan_students_march
Image caption ၄ပွင့်ဆိုင် သဘောတူမှု အတိုင်း စုပေါင်း အဖြေရှာကြဖို့ ၈၈ မျိုးဆက် က တိုက်တွန်း။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ၄ ပွင့်ဆိုင် ဆွေးနွေး ကြတုန်းက သဘောတူ ထားသလို မလိုလားအပ် တဲ့ အခြေအနေ အခက်အခဲ တွေ ကနေ ရှောင်လွှဲနိုင် ဖို့ အားလုံး ပူးပေါင်း ဆောင်ရွက် ကြပါ ဆိုပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း က တိုက်တွန်း လိုက်ပါ တယ်။

သပိတ်မှောက် ကျောင်းသား တွေ နဲ့ အာဏာပိုင် တွေ အကြား ဖြစ်ပေါ်နေ တဲ့ လက်ရှိ အကြပ်အတည်း နဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ရဲ့ သဘောထား အနေ နဲ့ ကိုမင်းကိုနိုင် က ပြောကြား လာတာ ဖြစ်ပါတယ်။

သပိတ်မှောက် ကျောင်းသားတွေ ဟာ လက်ပံတန်း မှာ လုံခြုံရေး အဖွဲ့တွေ ရဲ့ ပိတ်ဆို့ ထားတာ ခံနေရ တဲ့ သီတင်းတစ်ပတ် ပြည့်တဲ့ မတ်လ ၁၀ ရက် နေ့ မှာပဲ မနက် ၁၀ နာရီ နောက်ဆုံး ထားပြီး အာဏာပိုင် တွေ ဘက်က ကျောင်းသား တွေ ရဲ့ တောင်းဆို ထားချက် တွေ ကို တုန့်ပြန် ပေးဖို့ ကြေညာချက် ထုတ်ထား ပါတယ်။

ကျောင်းသားတွေ က ပဲခူးတိုင်း နယ်လုံဝန်ကြီး နဲ့ တွေ့ဆုံစဉ် သာယာဝတီမြို့ ထိ လမ်းလျှောက်ပြီး ရန်ကုန်ကို ကားစီး ဝင်မယ် ဆိုတဲ့ အချက် အပါအဝင် အချက် ၈ ချက် တောင်းဆို ထားတာ ဖြစ်ပါတယ်။

ဒီနေ့ မနက်မှာ ကျောင်းသား တွေဟာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ ရှိသလို ရန်ကုန်ထိ မဖြစ်မနေ ချီတက် ဖို့ လည်း ကျိန်းသေသလောက် ပဲ လို့ သပိတ် ကို ဦးဆောင် နေတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ရဲ့ ဗဟိုလုပ်ငန်း ကော်မတီ အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ကိုသီဟဝင်းတင် က ဘီဘီစီ ကို ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ