သပိတ်မှောက် ကျောင်းသားတွေ ရန်ကုန်အရောက် သွားမယ်

ဓာတ်ပုံ မူပိုင် AP
Image caption မတ်လ ၁၀ ရက် ၁ဝ နာရီ ၁ဝမိနစ် နောက်ဆုံး ထားပြီး ဖွင့်ပေးဖို့ တောင်းဆိုထား

လက်ပံတန်းက ကျောင်းသား သပိတ်ကို ပိတ်ထားတဲ့ လုံခြုံရေး အတား အဆီး တွေကို မတ်လ ၁၀ ရက် ၁ဝ နာရီ ၁ဝမိနစ် နောက်ဆုံး ထားပြီး ဖွင့်ပေးဖို့ သပိတ်မှောက် ကျောင်းသား တွေက တောင်းဆို ထားပါတယ်။

ဒါပေမယ့် အစိုးရ ဘက်ကတော့ ခုချိန်ထိ ဘာမှ အကြောင်း ပြန်ကြား တာ မရှိသေး ပါဘူး။

၁၀ ရက်နေ့ မနက်မှာ တော့ သတင်းစာ ရှင်းလင်း ပွဲလုပ်မှာ ဖြစ် သလို၊ ရန်ကုန်ကို မဖြစ် မနေ ချီတက် ဖို့လည်း ကျိန်းသေ သလောက် ရှိတယ်လို့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗဟို ကော်မတီဝင် ကိုသီဟ ဝင်းတင်က ဘီဘီစီ ကို ပြောပါတယ်။

အခု အချိန် မှာတော့ သပိတ် စစ်ကြောင်း အနောက် ဘက်မှာ ကား ၂ စီး ပိတ်ဆို့ထား တယ်လို့လည်း ကိုသီဟဝင်းတင် က ပြောပါတယ်။

အဆိုတော် စောဖိုးခွါး အပါ အဝင် သီးလေးသီး အဖွဲ့က လူရွှင်တော် ပန်းသီး တို့ကတော့ ဒီသပိတ် စခန်း နေရာကို လာရောက် ဖျော်ဖြေ သလို စေတနာရှင် တွေ ကလည်း လာရောက် ကူညီ နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ