အလုပ်သမား ခေါင်းဆောင်တွေ လွှတ်ဖို့ တောင်းဆို

garment myanmar
Image caption ထောင်ချီတဲ့ အလုပ်သမား သပိတ် ဖြိုခွဲခံခဲ့ရ

ရွှေပြည်သာ စက်မှု ဇုံ အလုပ် သမား သပိတ် ကော်မတီ က အလုပ် သမား ခေါင်း ဆောင်တွေ အပါအဝင် ဖမ်း ဆီး ထားသူ တွေကို အမြန်ဆုံး ပြန်လွှတ်ပေး ဖို့ တောင်းဆို လိုက် ပါတယ်။

အဲဒီအချက် အပါဝင် သူတို့တောင်းဆို ချက်တွေ ကို မလိုက်ရောရင် ကျောင်းသား တွေအပါဝင် လယ်သမား နဲ့ အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ ပေါင်းပြီး ထိရောက်စွာ တုံ့ ပြန်မယ် လို့ ပြောလိုက်ပါတယ်။

ရွှေပြည်သာ စက်ရုံ အလုပ် သမားတွေ ဘက်က အထွေထွေ သပိတ် ပုံစံ နဲ့ တုံ့ပြန် မယ်လို့ ရာဇသံ ပေး လာတာ သပိတ် မမှောက်တဲ့ ရက်ပေါင်း ၄ဝ ကျော် လာပြီးမှ ဖြစ်ပါတယ် ။

အစိုးရ ဖမ်းထားသူ ၁၄ ယောက် ကျော် ရှိပြီး ဒီလူတွေ ကို ပြန်လွှတ်ဖို့ ၊ အလုပ်သမား တွေနဲ့ အမြန်ဆုံး ညှိနှိုင်းဖို့ ၊ သပိတ် ကို အကြမ်းဖက် ဖြိုခွင်း သူတွေ ကို ဖော်ထုတ်ပေးဖို့ ရွှေပြည်သာ စုပေါင်း သပိတ် အလုပ်သမား တွေက တောင်းဆို လိုက်ပါတယ် ။

လုပ် ခတိုးပေး ရေး ကိုပဲ တောင်းဆို ခဲ့တဲ့ အလုပ် သမား သပိတ် ဟာ အခု အခါမှာ အထွေထွေ သပိတ် လမ်းကြောင်း ကို စပြောလာပြီ ဖြစ်ပါတယ် ။

Image caption လုပ်ခနည်းလို့ အလုပ်သမတွေ သပိတ်မှောက် တောင်းဆို

ဒီသပိတ်တွေ အပေါ် မှာ အစိုးရဘက်က ကိုင်တွယ်မှု ပေါ် မှာ အများကြီး မူတည်နေပြီး ကိုင်တွယ်ပုံ မှန်ရင် ပြဿနာတွေ ဒီလောက် ဖြစ်လာစရာ မရှိ ဘူးလို့ မြန်မာတိုင်း သတင်းစာ က အယ်ဒီ တာချုပ် ဦး သီဟစော က ပြောပါတယ်။

အလုပ်သမား ကိစ္စ မှာလည်း အစိုးရ အနေနဲ့ တရားမျှတတဲ့ လုပ် ခ ရရှိအောင် လုပ် ပေးသင့်တယ်၊ လက် ရှိ မြန်မာနိုင်ငံ လူနေမှု စရိတ်နဲ့ ကာမိတဲ့ လုပ်ခ ဖြစ်အောင် လုပ် ပေးသင့်တယ် လို့ ပြောသွား ပါတယ် ။

ရွှေပြည်သာ စု ပေါင်း အလုပ် သမား သပိတ် ဟာ အခုလို ရာဇသံ ပေးထား သလို လက်ပံတန်း ကျောင်း သား သပိတ် ကလည်း မနက် ဖြန် ရန်ကုန် ကို ချီတက် မယ် လို့ ပြောထားပါ တယ် ။

ရန်ကုန်က အရပ်ဘက် အဖွဲ စည်း တွေ က လည်း ကျောင်း သား သပိတ် ထောက်ခံသူ တွေ ကို စွမ်းအားရှင် သုံးပြီး ဖြိုခွင်း ခဲ့တာ ကို ဝိုင်းပြီး ကန့်ကွက် နေကြတော့ ဒီသပိတ် တွေ ရန်ကုန်မှာ ပေါင်း ပြီး အထွေထွေ သပိတ် ပုံစံ နဲ့ အစိုးရ ကို ဆန့်ကျင်မယ့် အခြေအနေ တွေ တွေ့နေရပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ