၆​ပွင့်​ဆိုင်​တွေ့​ဆုံ​ပွဲ ဖြစ်လာ​တော့​မယ်​လို့ ဦး​ရွှေမ​န်းပြော

  • 11 မတ် 2015
shwe_man
Image caption ၆ပွင့်ဆိုင် ဖြစ်လာတော့မယ် လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြော။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် တိုင်းပြည် ရဲ့ အရေးကြီး တဲ့ ကိစ္စချင်းရာ တွေ ကို ၆ ပွင့်ဆိုင် တွေ့ဆုံ ကြဖို့ ပြည်ထောင်စု လွှတ်တော် က အကြံပြု ဆုံးဖြတ် ထားတဲ့ အတိုင်း မကြာခင် ဖြစ်လာတော့ မယ် ဆိုပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း က ပြောပါတယ်။

တိုင်းရင်းသား ပါတီတွေ ရဲ့ ကိုယ်စားလှယ် အဖြစ် ၆ ပွင့်ဆိုင် မှာ ပါဝင် မယ့် ရခိုင် အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ကို ဆွေးနွေး လိုတာတွေ ကို တခြား တိုင်းရင်းသား အဖွဲ့တွေ နဲ့ ကြိုတင် ညှိနှိုင်း သဘောတူမှု ယူထား ဖို့ သူရ ဦးရွှေမန်း က အကြံပေးခဲ့တယ် ဆိုပြီး ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟာ ပြင်ရမယ့် ပုဒ်မ တွေ နဲ့ ပတ်သက်ပြီး တစ်ချက်ခြင်းစီ ကို ဆွေးနွေး သုံးသပ် ကြရမှာ ဖြစ်တဲ့ အတွက် ၆ ပွင့်ဆိုင် သာ တကယ်တမ်း တွေ့ဆုံ ကြရင် တစ်ကြိမ်တည်း နဲ့ မဟုတ်ပဲ အကြိမ်ကြိမ် တွေ့ဆုံ ရမှာမျိုး ဖြစ်သင့်တယ် လို့ ဒေါက်တာအေးမောင် က ဆိုပါတယ်။

လွှတ်တော် ဥက္ကဌ ၂ ဦး၊ သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်၊ တိုင်းရင်းသား ကိုယ်စားလှယ် နဲ့ ဒေါ်အောင်ဆန်း စုကြည် တို့ ၆ ပွင့်ဆိုင် တွေ့ကြ ဖို့ ပြည်ထောင်စု လွှတ်တော် က တိုက်တွန်း အကြံပြု ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ