အကြမ်းဖက်ဖြိုခွဲမှု ရှုတ်ချပွဲနဲ့ ဖမ်းဆီးကျောင်းသား ပြန်လွှတ်ရေး တောင်းဆို

ဓာတ်ပုံ မူပိုင် ffss
Image caption လက်ပံတန်း ဖြိုခွင်းမှုကို ကန့်ကွက်တဲ့ လက်မှတ်ထိုး တာတွေကို လည်း ပြုလုပ်ခဲ့ ဓာတ်ပုံ (FFSS)

လက်ပံတန်း ကျောင်းသား သပိတ် အကြမ်းဖက် ဖြိုခွင်း ခံခဲ့ရတဲ့ အပေါ် ကန့်ကွက် ရှုတ်ချပွဲနဲ့ အဖမ်းခံထားရတဲ့ ကျောင်းသားတွေ ပြန်လွှတ်ရေး တောင်းဆိုပွဲကို နာရေး ကူညီမှုအသင်း (ရန်ကုန်) ကနေ ဦးဆောင်ပြီး ကြာသပတေးမှာ ပြုလုပ်ခဲ့ပါတယ်။

မြောက်ဒဂုံမှာ ရှိတဲ့ နာရေး ကူညီမှု အသင်းကို ၈၈ ကျောင်းသား ခေါင်းဆောင်တွေ၊ NNER ကိုယ်စားလှယ်တွေ၊ ရုပ်ရှင် အနုပညာရှင် တွေနဲ့ အရပ်ဖက် အဖွဲ့ ကိုယ်စားလှယ်တွေ လာပြီးတော့ လက်ပံတန်း ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်းနဲ့ ကန့်ကွက် ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်း အနားမှာ အနု ပညာရှင် တွေက တေးသီချင်း သီဆို ဖျော်ဖြေ တာတွေ ပြုလုပ်ခဲ့ သလို တက်ရောက် လာသူတွေက လည်း လက်ပံတန်း ကျောင်းသား ဖြိုခွင်းမှုကို ကန့်ကွက်တဲ့ လက်မှတ် ရေးထိုးမှု တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။

တက်ရောက် လာသူတွေဟာ အနက်ရောင် အင်္ကျီ (ဒါမှမဟုတ်) ရင်ဘတ်မှာ အနက်ရောင် ပိတ်စ ဝတ်ဆင်တဲ့ Black Campaign လှုပ်ရှားမှု ကိုလည်း တစ်ပတ် ဆက်တိုက် ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒါ့အပြင် စာရေး ဆရာတွေနဲ့ ဖွဲ့စည်းထားတဲ့ pen Myanmar အဖွဲ့နဲ့ အမုန်းစကား မပြန့်ပွားရေး ပညာပေး လှုံ့ဆော်မှုတွေ လုပ်နေတဲ့ ပန်းစကား အဖွဲ့ကလည်း အဖြူရောင် လှုပ်ရှားမှုကို အခု ရက်ပိုင်းအတွင်း ပြုလုပ်မယ်လို့ စာရေးဆရာမ မသီတာ စမ်းချောင်းက ပြောပါတယ်။

အခမ်းအနားကို ရွှေပြည်သာ အထည်ချုပ် စက်ရုံက အလုပ်သမားတွေလည်း တစုတစည်းတည်း တက်ရာက်ခဲ့ပါတယ်။ စုစုပေါင်း တက်ရောက်လာသူ အယောက် ၅၀၀ ကျော်လောက် ရှိပါတယ်။

လက်ပံတန်းမှာ ကျောင်းသားတွေ ဖြိုခွင်း ခံရတာကို ကန့်ကွက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေး လတ်ပတ်ဖြူ လှုပ်ရှားမှုတွေ ကိုလည်း ရန်ကုန် မန္တလေး မြို့ကြီးတွေမှာ သောကြာနေ့က စလို့ ပြုလုပ်ဖို့ ရှိနေပါတယ်။