အကြမ်း​ဖက် ဖြို​ခွဲ​မှု ကု​လ အပြစ်တင်

student_crackdown ဓာတ်ပုံ မူပိုင် epa
Image caption ချုပ်ချယ်တဲ့ ဥပဒေတွေ ပြင်ဖို့လည်း ကုလသမဂ္ဂ တိုက်တွန်း။

မြန်မာ နိုင်ငံ မှာ ကျောင်းသား တွေ ဦးဆောင် တဲ့ ဆန္ဒပြပွဲ တွေ ကို အခု သီတင်းပတ် အတွင်း အစိုးရ ရဲ့ ဖြိုခွဲ ခဲ့ပုံ နဲ့ ပတ်သက် ပြီး ကုလသမဂ္ဂ က ဝေဖန် လိုက် ပါတယ်။

ဖမ်းဆီးခံ ကျောင်းသား တွေ ကို ပြန်လွှတ် ပေးဖို့ နဲ့ ရဲအင်အား အလွန်အကျွံ သုံးခဲ့တယ် ဆိုတဲ့ သတင်း တွေ အပေါ်လည်း အစိုးရ အနေနဲ့ စုံစမ်း စစ်ဆေးမှု ပြုလုပ် ဖို့ လည်း ကုလသမဂ္ဂ က တောင်းဆို လိုက် ပါတယ်။

ငြိမ်းချမ်းစွာ စုဝေး ပိုင်ခွင့် နဲ့ လွတ်လပ်စွာ ပြောဆို ပိုင်ခွင့် တို့ကို ကျင့်သုံး တဲ့ အတွက် အဖမ်းဆီး ခံခဲ့ရသူ အားလုံးကို ခြွင်းချက် မရှိ အမြန်ဆုံး ပြန်လွှတ် ပေးဖို့ မြန်မာ အစိုးရ ကို တိုက်တွန်း ပါတယ် ဆိုပြီး ကုလသမဂ္ဂ လူ့ အခွင့်အရေး ဆိုင်ရာ ရုံး ရဲ့ ပြောခွင့်ရ ရာဗီးနာ ရှမ်ဒါဆာနီ က ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြသူ တွေ အများစု ကို အရေးယူ မှာအသုံး ပြုခဲ့တဲ့ ဥပေဒ တစ်ရပ် ဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် နဲ့ စီးတန်း လှည်လည်ခွင့် ဥပေဒ မျိုး ကို အဓိက ဥပမာ အနေနဲ့ ပေးပြီး လူတွေ ရဲ့ အခွင့်အရေး ကို ကန့်သတ် ချုပ်ချယ် တဲ့ မဆီလျော် တဲ့ ဥပေဒ အချက်အလက် တွေ ကို ပြုပြင် ပြောင်းလဲဖို့ လည်း ကုလသမဂ္ဂ က တိုက်တွန်း ခဲ့ပါတယ်။

သပိတ်မှောက် ကျောင်းသား ဦးရေ ထက် အဆမတန် များပြားတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား တွေ အလွန်အကျွံ သုံးပြီး ဖြိုခွဲ ခဲ့တယ် ဆိုတဲ့ သတင်း တွေ အပေါ် စိုးရိမ် မကင်း ဖြစ်ရ ကြောင်း လည်း ရှမ်ဒါဆာနီ က ပြောခဲ့ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ