ABSDF မြောက်ပိုင်း သတ်ဖြတ်မှု အစီရင်ခံစာထုတ်

  • 14 မတ် 2015
absdf
Image caption မြောက်ပိုင်း သတ်ဖြတ်မှုတွေ စစ်ဆေးဖို့ စတင်ခဲ့

မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF က ၁၉၉၁ နဲ့ ၁၉၉၂ ကာလ တွေ မှာ ABSDF မြောက်ပိုင်း မှာ ဖြစ် ခဲ့တဲ့ သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အတွက် အပြု ခံရသူ တွေ၊ အဲဒီအချိန် က တာဝန် ရှိသူ တွေ နဲ့ စုံစမ်း မေးမြန်း ပြီး ဂုဏ်သိက္ခာ လို့ အမည် ပေးတဲ့ အစီရင်ခံစာ တခု ကို တနင်္ဂနွေနေ့ မှာ ထုတ်ပြန် ပါတယ်။

စာမျက်နှာ ၁၇၈ မျက်နှာ ပါတဲ့ အဲဒီ အစီရင်ခံစာ ကို ABSDF ရဲ့ အမှန်တရား နဲ့ တရား မျှတမှု ကော်မီတီ က ထုတ်ပြန် ခဲ့တာပါ။

အဲဒီ အစီရင်ခံစာ အရ မြောက်ပိုင်း သတ်ဖြတ်မှု တွေမှာ အဓိက တာဝန် ရှိသူ အဖြစ် ABSDF မြောက်ပိုင်း ဗဟို ကော်မတီ မှာ အဓိက တာဝန် ရှိပြီး ABSDF ဗဟို မှာလည်း တာဝန်ရှိတယ် လို့ ကော်မီတီရဲ့ ညှိနှိုင်း ဆောင်ရွက်ရေး တာဝန်ခံ ကိုကျော်လင်း က ပြောပါတယ်။

စစ်ဆေး တွေ့ရှိ ချက် အရ ၁၉၉၁ က ၁၉၉၂ အတွင်း ABSDF မြောက်ပိုင်းမှာ လူ ၁ဝဝ ကျော် ဖမ်းဆီး ခံရပြီး ၃၆ ယောက် သေဆုံး ခဲ့တယ်၊ လူတွေကို ကျင်စက်နဲ့ တို့တာ၊ ပလပ်စတစ်စ မီးရှို့ပြီး တို့တာ၊ လက်နဲ့ ခြေမှာ စနက်တံကပ်ပြီး ဖောက်ခွဲတာ စတဲ့ ကြမ်းတမ်း ရက်စက်တဲ့ ညှဉ်းပန်းမှု တွေ ရှိခဲ့တယ် ဆိုတာ ဖော်ထုတ် နိုင်ခဲ့တယ် လို့ သိရပါတယ်။

ဒီလို ညှဉ်းပန်း ခံရသူ တွေဟာ ရန်သူ သတင်းပေး သူလျှို တွေလား ဆိုတဲ့ အချက်ကိုတော့ ပြန်လှန် စစ်ဆေး နိုင်တဲ့ အခြေအနေ မရှိပါဘူး။

ဒီညှဉ်းပန်း သတ်ဖြတ်မှု တွေမှာ ပါဝင် ခဲ့သူတွေကို ABSDF မှာ နိုင်ငံရေး တာဝန်တွေ ဆက်မပေးတာ၊ တယောက်ချင်း တာဝန် ရှိသူတွေက တောင်းပန်စေတာ၊ ထိခိုက် နစ်နာ ခဲ့သူတွေနဲ့ မိသားစု တွေကို ကူညီ ထောက်ပံ့တာတွေ လုပ်ဖို့လည်း အစီရင်ခံစာ က ဖော်ပြ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ