ပညာရေး ဥပဒေ ကြားနာပွဲ NNER တက်

  • 17 မတ် 2015
student ဓာတ်ပုံ မူပိုင် Getty
Image caption ကျောင်းသား တွေ ဖမ်းဆီးမှု ပြောဆိုခဲ့

အမျိုးသား ပညာရေး ဥပဒေ ကို ပြင်ဆင် ဖြည့်စွက်ဖို့ နေပြည်တော်မှာ လုပ်တဲ့ ကြားနာ ပွဲ ကို နိုင်ငံလုံး ဆိုင်ရာ ပညာရေး ပြုပြင် ပြောင်းလဲမှု ကွန်ရက် (NNER)နဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီ အဖွဲ့ ထဲက တက္ကသိုလ် သမဂ္ဂ တချို့ နောက်ဆုံး အနေနဲ့ အင်္ဂါနေ့က ကြားနာ ခဲ့ကြပါတယ်။

ဒီကြားနာပွဲမှာ ၄ ပွင့်ဆိုင် သဘော တူညီချက် ကို ကန့်ကွက်ချက် တွေနဲ့ ပတ်သက်ပြီး NNER ဘက်က ပြန်လည် တုံ့ပြန် ရှင်းလင်းခဲ့ကြောင်း NNER က ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

လွှတ်တော် ဥပဒေ ကြမ်း ကော်မတီ ဥက္ကဋ္ဌ ဘက်က ဟန့်တားမှု ကြောင့် အပြည့်အဝ ရှင်းပြခွင့် မရဘူး လို့လည်း သူက ပြောပါတယ်။

ကျောင်းသားတွေ ဖမ်းဆီး ထိန်းသိမ်း ခံရတာဟာ ၄ ပွင့်ဆိုင် သဘော တူညီမှု ကို ချိုးဖောက် ရာကျကြောင်း ၊ လွှတ်တော် ဘက်က ဒါကို ဘာလုပ်မလဲ မေး ရာမှာတော့ လွှတ်တော် ဥပဒေ ကြမ်း ကော်မတီ ဥက္ကဋ္ဌ က သူတို့ အနေနဲ့ ဘာမှ လုပ်ဖို့ မရှိ ကြောင်း ဖြေကြား ခဲ့တယ် လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ