Buddha bar
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗုဒ္ဓပုံနဲ့ အရက်ဆိုင်ကြော်ညာမှု ထောင်ဒဏ်စီရင်

  • 17 မတ် 2015

နားကြပ်တပ်ထားတဲ့ဗုဒ္ဓရုပ်ပုံနဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ V Gasto Bar အရက်ဆိုင် ကြော်ညာ ခဲ့တဲ့ နယူး ဇီလန် နိုင်ငံသား မန်နေဂျာ Phillip Blackwood၊ ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန် နဲ့ မန်နေဂျာ ဦးထွဋ်ကိုကိုလွင် တို့ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်ခွဲစီ အသီးသီး အပြစ်ပေးလိုက်ပါတယ်။

သူတို့ကို သာသနာ ညစ်နွမ်းစေမှုပုဒ်မ ၂၉၅ နဲ့ ဗဟန်းမြို့နယ် တရားရုံးမှာ စွဲဆို အမှုစစ်ခဲ့တာ ဖြစ်ပါတယ်။

တရားခံတွေဖက်က အမှုကို အယူခံမယ်လို့ ပြောပါတယ်။