နယူဇီလန်သား Philip Blackwood အယူခံ ဝင်မယ်

  • 18 မတ် 2015
Buddha Bar Manager Philip Blackwood ဓာတ်ပုံ မူပိုင် EPA
Image caption နယူးဇီလန် နိုင်ငံသား Philip Blackwood ကို ရုံးထုတ်ခဲ့စဉ်က

မြန်မာ နိုင်ငံမှာ သာသနာ ညှိုးနွမ်း စေမှုနဲ့ မတ်လ ၁၇ ရက် နေ့က ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ် ခံခဲ့ရတဲ့ နယူဇီလန် နိုင်ငံသား အတွက် အယူခံ ဝင်ဖို့ စီစဉ်နေတယ်လို့ သူ့ ဖခင်က ပြောပါတယ်။

ဖခင် ဖြစ်သူ Ian Blackwood က သူ့သား Philip အပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်လို့ မိသားစု အနေနဲ့ စိုးရိမ်မိတယ်လို့ ပြောဆိုပြီး အယူခံကို တစ်လ အတွင်း ကြားနာ လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

နယူဇီလန် အစိုးရ ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းတာ တွေကို ငြင်းပယ်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်ပုံနဲ့ အရက်ဆိုင် ကြော်ငြာခဲ့တဲ့ V Gastro Bar မန်နေဂျာ မစ္စတာ Mr Blackwood မြန်မာ ဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာ တို့ကို ဗဟန်း တရားရုံးက ပြစ်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ