မျိုးစောင့်ဥပဒေ ၂ ခု ပြည်သူ့ လွှတ်တော် အတည်ပြု

Image caption NLD အမတ် အားလုံး၊ ပြည်ခိုင်ဖြိုး အမတ် တချို့ နဲ့ တိုင်းရင်းသား အမတ်တွေက ကန့်ကွက်

ဗုဒ္ဓ ဘာသာဝင် မြန်မာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဥပဒေကြမ်းနဲ့ လူဦးရေ တိုးပွားနှုန်း ထိန်းညှိရေး ဥပဒေ ကြမ်း ၂ ခုကို ပြည်သူ့ လွှတ်တော်မှာ ကြာသပတေး နေ့က မဲခွဲ အတည်ပြု လိုက်ပါတယ်။

ဒီလို မဲခွဲ အတည်ပြုချက် ရယူ ရာမှာ ထောက်ခံမဲ ၂၆၈ မဲ ကန့်ကွက်မဲ ၃၅ မဲနဲ့ ကြားနေ ၃ မဲ ရှိခဲ့ ပါတယ်။

အန်အယ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင် အမတ်တွေ အားလုံး၊ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင် အမတ် တချို့ အပြင် တိုင်းရင်းသား အမတ်တွေ က ဒီဥပဒေ အပေါ် ကန့်ကွက် ခဲ့ကြ ပါတယ်။

ပြည်ခိုင်ဖြိုး ပါတီက ကန့်ကွက် သူတဦး ဖြစ်တဲ့ ရေဖြူ မြို့နယ် ပြည်သူ့ လွတ်တော် အမတ် ဦးဝင်းဦး ကတော့ လူမျိုး ဘာသာ အဆင့် ခွဲခြား မှုကို လက်မခံ နိုင်တာ ကြောင့် ကန့်ကွက် တာလို့ ပြောပါတယ်။

လူတိုင်းဟာ ကိုယ့် အမျိုး ကိုယ့်ဘာသာကို ယုံကြည်မှု နဲ့သာ ထိန်းချုပ် ကြရမှာ ဖြစ်ပြီး ဥပဒေနဲ့ ဇွတ် အတင်း ထိန်းချုပ်ဖို့ မလိုဘူး လို့လည်း ဦးဝင်းဦးက ပြောပါတယ်။

အခု ပြည့်သူ့လွှတ်တော်က အတည်ပြု လိုက်တဲ့ မျိုးစောင့် ဥပဒေ ကြမ်းထဲက ၂ ခုကို အမျိုးသား လွှတ်တော်မှာ ထပ်မံ ဆွေးနွေး ကြရမှာ ဖြစ်ပြီး၊ အဲဒီမှာ ကြီးကြီး မားမား အငြင်းပွားဖွယ် မရှိရင်တော့ အတည်ပြု ပြဌာန်း မှာ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်မှာ အခြေ အတင် ဆွေးနွေး ရတာမျိုး ဖြစ်ခဲ့ ရင်တော့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးပြီး အတည်ပြု ချက် ရယူ ရမှာ ဖြစ်ပါ တယ်။

တခါ နောက်ထပ် ဥပဒေကြမ်း ၂ ခုဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ ကြမ်းနဲ့ တလင် တမယား စနစ် ကျင့်သုံးခြင်း ဥပေဒ ကြမ်းတွေ ကိုတော့ အမျိုးသား လွှတ်တော်ဘက်မှာ ဆွေးနွေး အတည်ပြု ပြီးဖြစ်လို့ မကြာခင် ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး ကြဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ