ပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်း လွှတ်တော်ကို တင်သွင်း

Image caption ပညာရေး ကော်မရှင်ကို ဖျက်သိမ်းဖို့ တောင်းဆို ပေမယ့် ပုံစံသစ်နဲ့ ဖွဲ့စည်းဖို့ ထည့်ထား

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း အစီရင် ခံစာကို အမျိုးသား လွှတ်တော်မှာ ဥပဒေကြမ်း ကော်မတီက တင်သွင်း ခဲ့ပါ တယ်။

အဲဒီလို တင်သွင်း ရာမှာ ကျောင်းသား တွေနဲ့ ပညာရေး ကွန်ရက်က တောင်းဆို ထားတဲ့ အချက် အတော် များများကို ပယ်ဖျက်ထား တာကို တွေ့ရ ပါတယ်။

ကျောင်းသား သမဂ္ဂကို တက္ကသိုလ် ပဋိညာဉ် အတိုင်း ဖွဲ့စည်း ခွင့်ရှိ တယ်ဆိုတဲ့ ကန့်သတ် ချက်တွေ တွေနဲ့ ပြင်ဆင် ထားတယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ရှင်းပြ ပါတယ်။

နောက်ပြီး တက္ကသိုလ်မှာ လွတ်လပ်စွာ ဘာသာရပ် ရွေးချယ်ခွင့်၊ အပါ အဝင် ကျောင်း အုပ်ချုပ်ရေးမှာ ကျောင်းသားတွေ ပါဝင်ရေး အချက်တွေ အပြင် တခြား အချက် အတော် များများကို ပယ်ဖျက် ထားတယ်လို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါ တယ်။

အမျိုးသား ပညာရေး ကော်မရှင်ကို ဖျက်သိမ်းဖို့ တောင်းဆို ထားချက် ကိုတော့ ပုံစံသစ်နဲ့ ဖွဲ့စည်းဖို့ ထည့်ထား တယ်လို့ သူက ပြောပါ တယ်။

ဥပဒေကြမ်း ကော်မတီက တင်ပြ ထားတဲ့ အချက်တွေ ကို ဝေဖန် တင်ပြချင် သူတွေ ပြင်ဆင် ချင်သူတွေဟာ လာမယ့် တနင်္လာနေ့ နောက်ဆုံး ထားပြီး နာမည် စာရင်း ပေးသွင်း ရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ