မြန်မာ​ပြည် လူ့​အခွင့်​အရေး အခြေအနေ​ကို ကု​လ​က ဆုံးဖြတ်​ဖို့ ရှိ

_students_journalists ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာ ပြည် ပြုပြင်ရေး တွေ နောက်ပြန်ဆုတ်မှု တွေ ရှိနေတာကို တွေ့ရလို့ စိုးရိမ်။

မြန်မာ နိုင်ငံ လူ့အခွင့်အရေး အခြေအနေ နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် ထံကို အီးယူ ဥရောပ သမဂ္ဂ က ဦးဆောင် တင်သွင်း ထားတဲ့ ဆုံးဖြတ်ချက် အစီရင်ခံစာ ကို ကုလသမဂ္ဂ လူ့ အခွင့်အရေး ကော်မရှင် က လာမယ့် သီတင်းပတ် ထဲမှာ အတည်ပြု ဆုံးဖြတ်ချက် ချပါ့မယ်။

ဒီ အစီရင်ခံစာ မှာ မြန်မာ ပြည် ပြုပြင်ရေး ဟာ နောက်ပြန် ဆုတ်မှု တွေ ရှိနေတာ ကို တွေ့ရ လို့ စိုးရိမ်ကြောင်း ဖော်ပြ ထားပါတယ်။

မြန်မာ နိုင်ငံ လတ်တလော အချိန်မှာ လူ့အခွင့်အရေး လှုပ်ရှားသူ တွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြ သူတွေ ကို ဖိနှိပ် ဖမ်းဆီးမှု တွေ ရှိနေတာ ကို လူ့အခွင့်အရေး ကော်မရှင်က စိုးရိမ် ပူပန်ကြောင်း လည်း အစီရင်ခံစာ က ဆိုပါတယ်။

ဒီ ဆုံးဖြတ်ချက် အစီရင်ခံစာ ထွက်ပေါ် လာခဲ့ တဲ့ ဂျီနီဗာ လူ့အခွင့်အရေး ကော်မရှင် ကြားနာပွဲ မှာ မြန်မာ နိုင်ငံ အတွက် ကုလ သမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စယန်ဟီးလီး လည်း တက်ရောက် ပြီး မြန်မာ နိုင်ငံ ဆိုင်ရာ အစီရင်ခံစာ တင်သွင်း ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ ပြည် မှာ လတ်တလော ဖြစ်ပွားခဲ့ တဲ့ ကျောင်းသား ဆန္ဒပြမှု ဖြိုခွဲတဲ့ ကိစ္စကို ဆွေးနွေး ပြောဆိုမှုတွေ လည်း ရှိခဲ့ ပါတယ်။