လီကွမ်ယု အပေါ် မြန်မာတွေ ဘယ်လို မြင်လဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ကိုယ်ကျိုး အတွက် လုပ်တာ မဟုတ်ဘဲ တိုင်းပြည် အတွက် ဆောင်ရွက်လို့ လူထု ထောက်ခံ

မစ္စတာ လီကွမ်ယုဟာ စင်ကာပူ နိုင်ငံကို ထူထောင်သူ ဖြစ်သလို ဝန်ကြီးချုပ် အဖြစ် တိုင်းပြည်ကို နှစ် ၃၀ ကျော် အုပ်ချုပ် ခဲ့တာ ဖြစ်ပါတယ်။

သူ့ အုပ်ချုပ်မှု အောက်မှာ တိုးတက် အောင်မြင်မှု တွေ အံ့မခန်း တွေ့ရှိရ ပေမယ့် အတိုက် အခံတွေ ကတော့ ဖိနှိပ် မှုတွေ ရှိတယ်လို့ အမြဲ လိုလို ဝေဖန် နေခဲ့တာ ဖြစ်ပါ တယ်။

မစ္စတာ လီကွမ်ယု ရဲ့ ပြတ်ပြတ် သားသား ကိုင်တွယ် ခဲ့မှုတွေ အပေါ်မှာ ဝေဖန် မှုတွေ ရှိပေမယ့် ပြည်သူ အများ ကတော့ ထောက်ခံ တယ်လို့ စင်ကာပူ နိုင်ငံ MDIS တက္ကသိုလ်က စီးပွားရေး ဘာသာရပ် ဆိုင်ရာ ကထိက ဒေါက်တာ စိန်မင်း က ပြောပါတယ်။

ကိုယ်ကျိုး အတွက် လုပ်တာ မဟုတ်ဘဲ တိုင်းပြည် ထူထောင်ဖို့ အတွက် လုပ်တာသာ ဖြစ်တယ်လို့ ဒေါက်တာ စိန်မင်းက ပြောပါတယ်။

စင်ကာပူမှာ ဘွဲ့ရပြီး အလုပ်ဝင် နေပြီ ဖြစ်တဲ့ မမြတ်စုမွန်ဇော် ကတော့ မစ္စတာ လီကွမ်ယုရဲ့ ကြိုးစားမှု ရလဒ်တွေ အတွက် သူ့လိုလူ မြန်မာ နိုင်ငံမှာ ရှိစေ ချင်တယ်လို့ ပြောပါတယ်။

နောက်ထပ် စင်ကာပူမှာ အလုပ်လုပ် နေတဲ့ မြန်မာ ပြည်သား အင်ဂျင်နီယာ တဦး ဖြစ်တဲ့ ကိုဝေဖြိုးအောင် ကလည်း မစ္စတာ လီကွမ်ယု ရဲ့ လူငယ်တွေ ပညာရေး နဲ့ ပတ်သက်ပြီး ချမှတ် ကျင့်သုံး သွားတဲ့ ပုံစံကို အားကျကြောင်း ပြောပြပါတယ်။

စင်ကာပူ နိုင်ငံ မှာက မြန်မာ ပြည်သား တွေလည်း သိန်း ဂဏန်းလောက် နေထိုင် နေကြတာ လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ