ရခိုင်သင်္ဘော နစ်မြုပ်မှု စုံစမ်းရေး အစီရင်ခံ

rakhine ဓာတ်ပုံ မူပိုင် AFP
Image caption ခရီးသည်တင် သင်္ဘော နစ်မြုပ် ပြီး လူ ၆ဝ ကျော် သေဆုံး ခဲ့ရ

မတ်လ ၁၃ ရက်နေ့က ကျောက်ဖြူ မြို့ နားမှာ ခရီးသည်တင် သင်္ဘော နစ်မြုပ် ပြီး လူ ၆ဝ ကျော် သေဆုံး ခဲ့ရတဲ့ ဖြစ်စဉ် နဲ့ ပတ်သက်လို့ ရခိုင် ပြည်နယ် စုံစမ်း စစ်ဆေးရေး ကော်မီတီ တွေ့ရှိချက် တွေကို ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ ထံ တင်ပြ လိုက်ပြီ ဖြစ်ပါတယ်။

ဒီစစ်ဆေး တွေ့ရှိချက်နဲ့ ပတ်သက် လို့ လူနဲ့ ကုန် မတန်တဆ တင်လာတာ၊ သင်္ဘောရဲ့ ကြံ့ခိုင်မှု အားနည်းတာ၊ သက်ကယ် အင်္ကျီ ၃ဝ ပဲ ပါလာတာ၊ သင်္ဘောသား တွေရဲ့ တာဝန်ယူမှု အားနည်းတာ ၊ နောင်တော်ဝ မှာ လှိုင်းလေ ပြင်းထန်တာ စတဲ့ အချက်တွေ တွေ့ရှိ ရပြီး ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဌာနမှာ အဓိက တာဝန် ရှိတယ်လို့ စစ်ဆေးရေး ကော်မီတီ ဥက္ကဋ္ဌ ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးကိုကိုနိုင်က ပြောပါတယ်။

အသက်မသေ လွတ်မြောက်လာသူ တွေ ပြောပြချက်နဲ့ အခြေခံ အကြောင်းတရား တွေကို အခြေခံ ထုတ်ပြန် ခဲ့တာ ဖြစ်ပြီး အရေးယူ အပြစ်ပေးမှု တွေနဲ့ ကော်မတီ မသက်ဆိုင်ဘူး လို့လည်း သိရပါတယ်။

အရေးပေါ် အခြေအနေ တွေမှာ ကယ်ဆယ်ရေး အတွက် ရေကြောင်း ဝန်ထမ်း တွေကို ဇာတ်တိုက် လေ့ကျင့်ဖို့၊ ကမ်းရိုးတန်းသွား သင်္ဘော တွေရဲ့ ကြံ့ခိုင်မှု ကို စစ်ဆေးဖို့ နဲ့ ခရီးသည် တင်နိုင်တဲ့ ပမာဏ ထိ ပိုမို မတင်ဆောင် စေဖို့ အထူး ကြပ်မတ် ကွပ်ကဲ သင့်ကြောင်း ကော်မတီက အကြံပြု တင်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ