အတွင်းဝန်များရုံးမှာ မွေးနေ့ပါတီ ကျင်းပ

yangon ဓာတ်ပုံ မူပိုင် AP
Image caption ရန်ကုန်က ခေတ်ဟောင်း လက်ကျန် အဆောက်အအုံ တခု

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ညက အရင် အတွင်းဝန်များရုံး (ဝန်ကြီးများရုံး) မှာ မွေးနေ့ ပါတီတခု ကျင်းပခဲ့တာနဲ့ ပတ်သက်လို့ ဖေ့စဘုတ် လူမှုကွန်ယက် တွေမှာ ဝေဖန်သံတွေ အတော် များများ ထွက်ပေါ် လာခဲ့ ပါတယ်။

အရင် စစ်အစိုးရ လက်ထက် က ထိပ်တန်း ဗိုလ်ချုပ်ကြီး တဦး ရဲ့ သမီး မွေးနေ့ပွဲ ကို ကွယ်လွန်သူ ဗိုလ်ချုပ်ကြီး နေဝင်း ရဲ့ မြေးဖြစ်သူ အပါအဝင် တက်ရောက်သူတွေရဲ့ ဓာတ်ပုံတွေလည်း အင်တာနက် ကွန်ယက်မှာ ပြန့်နှံ့ နေပါတယ်။

ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် အာဇာနည်ကြီး တွေ လုပ်ကြံ ခံခဲ့ရတဲ့ သမိုင်းဝင် အဆောက်အဦ မှာ ဒီလို မွေးနေ့ပါတီမျိုး မလုပ်သင့်ဘူး လို့ အတော်များများက ရေးသား ခဲ့ကြသလို ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စဘုတ် မှာလည်း မွေးနေ့ပွဲ လုပ်တယ် ဆိုရင် ဒီလုပ်ရပ်ကို ကျနော်လည်း မနှစ်သက်ပါလို့ ဖော်ပြထားပြီး YHT ရန်ကုန် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ အနေနဲ့ ပြန်သုံးသပ်သင့်တယ် လို့ ဆိုပါတယ်။

YHT က ဒီအဆောက်အဦ ကို သူတို့ အဖွဲ့ မဖွဲ့ခင် ၂ဝ၁၁ ခု ကတည်းက ပြည်ထောင်စု အစိုးရ က ပုဂ္ဂလိက လက်ကို လွှဲခဲ့ရာမှာ အနော်မာ အနုပညာ အဖွဲ့က တင်ဒါ အောင်ခဲ့တယ်။

အနော်မာနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ ကြား သဘောတူညီချက် ချုပ်ဆို ရာမှာ အစိုးရရဲ့ တာဝန် ပေးချက် အရ YHT က မွမ်းမံရေး လုပ်ငန်းတွေကို ကူညီ လုပ်ဆောင်နေ ပေမယ့် အဆောက်အဦ နဲ့ပတ်သက်လို့ စီမံခန့်ခွဲပိုင်ခွင့် မရှိဘူး လို့ ထုတ်ပြန် ခဲ့ပါတယ်။

အခုလို အထင်ကရ သမိုင်းဝင် အဆောက်အဦ မှာ တချိန်က အာဏာရှိခဲ့သူတွေရဲ့ သားသမီးမြေးတွေ အခုလို မွေးနေ့ပွဲကျင်းပခဲ့တာဟာ သူတို့ လုပ်ချင်သလို လုပ်လို့ရသေးတယ် ဆိုတဲ့ သဘော သက်ရောက် နေလို့ တာဝန် အရှိဆုံး ဖြစ်တဲ့ နေပြည်တော်က ဗဟို အစိုးရ အာဏာပိုင် တွေက ရှင်းလင်း သင့်တယ်လို့ UNDO ညီညွတ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ဒေါက်တာသက်မင်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ