လက်ပံတန်း သပိတ်သမားတွေ ဒီနေ့ ရုံးထုတ်မယ်

  • 24 မတ် 2015
student myanmar ဓာတ်ပုံ မူပိုင် epa
Image caption အကြမ်းဖက် ဖြိုခွဲ ခံရတဲ့ လက်ပံတန်းသပိတ်

မတ်လ ၁ဝ ရက်နေ့က လက်ပံတန်း ကျောင်းသား ဆန္ဒပြပွဲ ကို ဖြိုခွင်း ဖမ်းဆီး ခဲ့ပြီး သာယာဝတီ ထောင်မှာ ထိန်းသိမ်း ထားတဲ့ ကျောင်းသား နဲ့ ဝန်းရံပေးခဲ့တဲ့ ပြည်သူ ၁ဝဝ နီးပါး ကို ဗုဒ္ဓဟူးနေ့ ရုံးထုတ်မယ် လို့ ကျောင်းသားတွေ ဘက်က လိုက်ပါ ဆောင်ရွက် ပေးမယ့် ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။

လိုက်ပါ ဆောင်ရွက် ကြမယ့် ရှေ့နေ ၂၅ ယောက် လောက် ရှိပြီး သူတို့ကို ဘယ်အဖွဲ့အစည်း ညွှန်ကြားချက်မှ မဟုတ်ဘဲ အသိစိတ်ဓာတ် နဲ့ ဆောင်ရွက် ပေးကြမှာ ဖြစ်တယ်၊ မိတ်ဆွေ နိုင်ငံရေး အကျဉ်းသား သားသမီးတွေ ပါနေလို့ လိုက်ပါ ဆောင်ရွက် ပေးကြတယ် လို့ ဦးရောဘတ် စန်းအောင် က ရှင်းပြ ပါတယ်။

လက်ပံတန်းမှာ ဖမ်းဆီးထားတဲ့ သူတွေကို အာမခံ ပေးလို့ မရတဲ့ ပုဒ်မ ၅ဝ၅ (ခ) လို အမှုတွေနဲ့ ၆ ခုလောက် စွဲဆို ထားပြီး ထောင် ၅ နှစ် ၆ နှစ်ထိ ချလို့ရတဲ့ အမှုတွေလို့ သိရပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲက မတ်လ ၁၂ ရက်နေ့မှာ ကျောင်းတက်နေဆဲ ကျောင်းသား၂၇ ဦးကို ပြန်လွှတ်ခဲ့ပြီး အင်္ဂါနေ့မှာ အရပ်သား ၂၀ ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ