လက်ပံတန်း ကျောင်းသားဆန္ဒပြမှု အဖမ်းခံရသူ ၆၅ ဦးကို ရုံးထုတ်

  • 25 မတ် 2015

မတ်လ ၁၀ ရက်နေ့ လက်ပံတန်းကျောင်းသားဆန္ဒပြမှုကို ရဲတွေက ဖြိုခွင်းစဉ် အဖမ်းခံခဲ့ရတဲ့ ကိုအောင်မှိုင်းဆန်းအပါအဝင် ကျောင်းသားနဲ့ ဝန်းရံသူ စုစုပေါင်း ၆၅ ဦးကို ဒီကနေ့ လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

သူတို့ကို ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုခဲ့ပြီး အာမခံ မပေးခဲ့ပါဘူး။ ကိုကျော်ကိုကို နန္ဒာစစ်အောင် အပါအဝင် ၄ ဦး ကိုတော့ တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ သိရပါတယ်။

မိသားစုဝင်တချို့ကို ဖမ်းဆီးခံကျောင်းသားတွေနဲ့ တွေ့ခွင့်ပေးခဲ့ပါတယ်။

Image caption မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမှာ ကျောင်းသားသပိတ် ဖြိုခွဲခံရ

လာမယ့် ဧပြီလ ၇ ရက်နေ့ကို ရုံးထပ်ချိန်းလိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ