တအာင်း နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်

  • 25 မတ် 2015
tnla ဓာတ်ပုံ မူပိုင် pslfTnla
Image caption တိမ်းရှောင် နေရတဲ့ ဒေသခံတွေ

တအာင်းဒေသ၊ နမ့်ခမ်း မြို့နယ်နားမှာ မတ်လ ၂၄ ရက်နဲ့ ၂၅ ရက် နံနက် တွေမှာ တအာင်း တပ်မတော် (TNLA) နဲ့ အစိုးရ စစ်တပ်တွေ တိုက်ပွဲဖြစ်လို့ ကောင်းဝိုင်း၊ မန်ကောင်း နဲ့ မန်ကန် ကျေးရွာ တွေက ဒေသခံ (၂ဝဝဝ) နီးပါး နမ့်ခမ်းမြို့နယ်၊ ဟိုနား ကျေးရွာ ဘက်ကို ထွက်ပြေး တိမ်းရှောင် နေရတယ် လို့ သိရပါတယ်။

အစိုးရ ဘက်က တက်လာတဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက် ရင်ဆိုင်မိပြီး တိုက်ပွဲ ဖြစ်တာလို့ TNLA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး တာ့အိုက်ကျော် က ပြောပါတယ်။

အစိုးရ ဘက်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်လို့ ရွာတွေနား ကျရောက် ပေါက်ကွဲ ခဲ့လို့ လူတွေ မနေရဲလို့ ထွက်ပြေး လာကြတာ လို့ သိရပါတယ်။

အစိုးရ စစ်တပ်က တပ်မတွေ လှုပ်ရှားမှု ပိုများ၊ အင်အားတွေ ထပ်ဖြည့်လာလို့ တိုက်ပွဲတွေ ပိုဖြစ်လာတယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ ဘက်က အသေအပျောက် မရှိဘဲ အစိုးရ ဘက်က အသေအပျောက်ကို လည်း မသိရဘူးလို့ တာ့အိုက်ကျော် က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ