အစိုးရ​ဘက်​က တိုက်​ပွဲ​တွေ ချက်​ခြင်း​ရပ်​ဖို့ UNFC တောင်း​ဆို

  • 28 မတ် 2015
_myanmar_armed_military_soldier ဓာတ်ပုံ မူပိုင်
Image caption ကိုးကန့်ဒေသမှာ အစိုးရ ဘက်က လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်တာတွေ မြေပြင် တပ်တွေ နဲ့ တိုက်ခိုက်တာ တွေ အရှိန်မြှင့် လာနေတယ် လို့ MNDAA ပြော။

ရှမ်းပြည် မြောက်ပိုင်း နဲ့ ကချင် ပြည် တို့ မှာ အစိုးရ စစ်တပ် က မြေပြင် သာမက ဝေဟင်ပါ စစ်ဆင်ရေး အရှိန် တိုးမြှင့် လာနေတဲ့ အတွက် လက်ရှိ အပစ်ရပ် သဘောတူ မှု ရဖို့ တွေ့ဆုံ ဆွေးနွေး နေတာ တွေ ဟာ အချည်းအနှီး ဖြစ်စေတယ် လို့ ညီညွတ်သော တိုင်းရင်းသား လူမျိုး များ ဖက်ဒရယ် ကောင်စီ UNFC က ဝေဖန် လိုက်ပါတယ်။

တွေ့ဆုံ ဆွေးနွေး ပွဲ အရှိန်ရ လာတိုင်း မှာ အခုလို ဆွေးနွေးပွဲ ကို လမ်းကြောင်း ပြောင်း သွားစေတဲ့ ဖြစ်ရပ် တွေ ပေါ် ပေါက် လာတတ် တာ ဟာ အစဉ်အလာ လို ဖြစ်နေပြီ ဆိုပြီး တော့လည်း UNFC က သူတို့ ရဲ့ ကြေညာချက် ထဲ မှာ ရေးသား ထားပါတယ်။

ဒါ့ကြောင့် စားပွဲဝိုင်း တွေ့ဆုံ မှု တွေ ကို အလေး အနက်ထား ဖော်ဆောင်ပြီး လက်နက်ကိုင် တိုက်ပွဲ တွေ ကို အစိုးရ စစ်တပ် ဘက် က ချက်ခြင်း ရပ်တန့် ပေးဖို့လည်း အဲဒီ့ ကြေညာချက် ထဲ မှာ တောင်းဆို ထားပါတယ်။

ကိုးကန့် ဒေသထဲ မှာ လက်ရှိ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ အခြေ အနေ နဲ့ ပတ်သက်ပြီး ကိုးကန့်တပ် MNDAA ရဲ့ ပြောခွင့် ရ ဦး ထွန်းမြတ်လင်း က ပြီးခဲ့တဲ့ ၂ ရက် လုံးမှာ အစိုးရ စစ်တပ် ဘက်က လက်နက်ကြီး တွေ နဲ့ ပစ်ခတ် တာ တွေ၊ မြေပြင် တပ်ဖွဲ့ တွေ နဲ့ တိုက်ခိုက် တာ တွေ ဆက်တိုက် လုပ်ဆောင် နေတယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ