အပစ်ရပ် စာချုပ် အချက်တွေကို ပဏာမ သဘောတူ

UPWC and NCCT peace talks March 2015 ဓာတ်ပုံ မူပိုင် U Nyo Ohn Myint
Image caption အစိုးရနဲ့ တိုင်းရင်သား ညှိနှိုင်းအဖွဲ့တွေ အပစ်ရပ် စာချုပ် မူကြမ်းကို သဘောတူ (ဓါတ်ပုံ ဦးညိုအုန်းမြင့်)

အစိုးငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ UPWC နဲ့ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ တိုင်းရင်းသားများရဲ့ ညှိနှိုင်းရေး အဖွဲ့ NCCT တို့ ကြား မတ်လ ၃၀ ရက်နေ့က ဆွေးနွေးမှုတွေ အရ အပစ်အခတ်ရပ်စဲရေး စာချုပ်ပါ အချက်တွေ အားလုံးကို ပဏာမ သဘော တူညီချက် ရသွားကြပြီ လို့ နှစ်ဖက် စလုံးက ပြောပါတယ်။

အပစ်ရပ်မူကြမ်းပါ အချက် ၃၀ နီးပါးကို မူကြမ်း ရေးဆွဲကြသူတွေကြား သဘောတူခဲ့ကြတာ ဖြစ်ပြီး နှစ်ဖက်စလုံးက သူတို့ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ဆက်လက် တင်ပြပြီးတဲ့နောက် အတည်ပြုချက် ရယူကြရ မယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူ တိုင်းရင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

လက်မှတ်ရေးထိုးနိုင်ပြီဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဘယ်နည်း ဘယ်ပုံ ကျင်းပမယ်၊ ဘယ်သူတွေကို ဖိတ်မယ် ဆိုတဲ့ မူဘောင် ကိုလည်း ဆက်လက် ညှိနှိုင်းဖို့ လိုပါ သေးတယ်။

အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးရင် တစ်လ အတွင်းမှာ အစီအစဉ်တွေ အသေးစိတ် ရေးဆွဲပြီး အကောင်အထည် ဖော်မယ်လို့ လည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အပစ်ရပ် သဘောတူညီမှု လက်မှတ် ရေးထိုး ပြီးပြီဆိုရင် တိုက်ခိုက်မှုတွေ ရပ်တန့်ရမှာ ဖြစ်တယ်၊ တပ်မတော် ဘက်ကလည်း တိုက်ခိုက်မှုတွေ ရရမှာ ဖြစ်ပြီး ဆက်တိုက် ရင်တော့ စာချုပ် ပျက်ပြယ်တယ်လို့ သူက ပြောပါတယ်။

စာချုပ်ပါ အချက်အလက်တွေကို အကောင်အထည်ဖော်ဖို့ အလုပ်အဖွဲ့တွေ ဖွဲ့စည်း ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့လည်း ဆက်လက် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။

UPWC နဲ့ NCCT ဆွေးနွေးမှုတွေကို နောက်တစ်နေ့ မတ်လ ၃၁ ရက်မှာ ဆက်လက် ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ