တနိုင်ငံလုံး အပစ်ရပ် စာချုပ် မူကြမ်း လက်မှတ်ထိုး

UPWC and NCCT agreed NCA draft
Image caption တစ်နိုင်ငံလုံး အပစ်ရပ် မူကြမ်း အစိုးရနဲ့ တိုင်းရင်းသား တွေ ညှိနှိုင်းသဘောတူ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC နဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ NCCT တို့ရဲ့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် မူကြမ်းကို နှစ်ဘက်ခေါင်းဆောင်တွေ မတ်လ ၃၁ ရက်နေ့က လက်မှတ် ရေးထိုးခဲ့ပါတယ်။

အခု သဘောတူညီချက် အရ ပြည်ထောင်စု အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မဖြစ်မနေ ဆက်လုပ်ဖို့ အာမခံချက် အပါအဝင် အရေးကြီးတဲ့ အချက်တွေကို သဘောတူခဲ့ကြ ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ၁ နှစ်ခွဲလောက်ကြာအောင် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီးမှ အခုသဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။

အခု စာချုပ်မူကြမ်း လက်မှတ် ရေးထိုးပွဲကို သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး ဒီဆွေးနွေးပွဲဟာ ဒုတိယ ပင်လုံညီလာခံရဲ့ အောင်ပွဲတစ်ခုလို့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီစာချုပ်မှုကြမ်းကို နှစ်ဘက်ခေါင်းဆောင်တွေထံ ဆက်လက် တင်ပြ ဆွေးနွေးရမှာ ဖြစ်ပြီး သူတို့ သဘော တူညီချက်ရမှ တစ်နိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးနိုင်မှာပါ။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ရဲ့ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကတော့

ဒီဆွေးနွေးပွဲမှာ လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့ နှစ်ဘက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ သဘောတူခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ဖို့ အစိုးရ အနေနဲ့ လက်နက်ကိုင် (၁၆) ဖွဲ့ နဲ့ တင်မဟုတ်ဘဲ အဖွဲ့ အားလုံးနဲ့ သဘောတူညီမှု ရဖို့ လိုတယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ ကပြောပါတယ်။ အစိုးရဘက်က တနိုင်ငံလုံး အပစ်ရပ်ရေး သဘောတူ စာချုပ် NCA ကို ဧပြီလ အတွင်း လက်မှတ် ရေးထိုးနိုင်ဖို့ လိုလားနေပါတယ်။

ဒါပေမဲ့ တိုင်းရင်းသားတွေ ဘက်ကတော့ စာချုပ်မူကြမ်းပါ အချက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့ ထပ်မံဆွေးနွေး ရမှာ ဖြစ်ပြီး ပြင်ဆင်ချက် အနည်းအကျဉ်း ရှိနိုင်တယ်လို့ ဦးနိုင်ဟံသာ က ပြောပါတယ်။

နှစ်ဖက် သဘောတူညီချက် ရပြီးရင် NCA လက်မှတ် ရေးထိုးနိုင် မှာပါ။

အဲဒီနောက် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ရှိလာမှာ ဖြစ်ပပါတယ်။

အဲဒီမှာ တော့ တည်ဆဲ ဥပဒေတွေကို လေးစား လိုက်နာဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ အညီ လုပ်ဆောင်ဖို့ ဆိုတဲ့ တပ်မတော်ပိုင်းက ထုတ်ပြန်ထားတဲ့ မူဝါဒတွေကို တိုင်းရင်းသားတွေဘက်က လက်မခံတဲ့ အတွက် ဒီနောက်ပိုင်း ဆွေးနွေးပွဲတွေဟာ ပိုပြီး အကြိတ်အနယ် ဖြစ်လာဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ