ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ လူ ၉ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption မိုးကုတ်နဲ့ မိုင်းရှူး ဘက်မှာလည်း ဖြစ်ခဲ့ဖူး တာကြောင့် လွန်ခဲ့တဲ့ ၃ နှစ် အတွင်း အနည်း ဆုံး လူ ၅၀ လောက် သေဆုံးခဲ့

ဖားကန့်မှာ ကျောက်စိမ်း တူးတဲ့ မြေစာပုံ ပြိုကျတဲ့ အတွက် လူ ၉ ဦး သေဆုံးပြီး၊ ဒဏ်ရာ ရသူ ၂ ဦး ရှိသွား ပြီ ဖြစ်ပါ တယ်။

တနင်္လာနေ့ မနက်က ၄ နာရီ လောက်က ကံခွာ ကျေးရွာ အနီးက မြေစာပုံ ပြိုကျပြီး ရေမဆေးကျောက် ရှာနေသူ ၉ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရလို့ ဆေးရုံမှာ ဆေးကုသမှု ခံနေ ရတယ်လို့ ကချင်ပြည်နယ် အစိုးရက တာဝန် ရှိသူ တစ်ဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

ဒေသတွင်း မှာတော့ ပျောက်ဆုံးသူ ၃၀ လောက် ရှိမယ်လို့ သတင်းတွေ ထွက်နေ ပေမယ့် ကချင် ပြည်နယ် အစိုးရ တာဝန် ရှိသူတွေ ကတော့ အတည်ပြုချက် မရသေး ဘူးလို့ ပြောပါတယ်။

အခုလို ဖြစ်ခဲ့ရင် ဥပဒေ အရ နစ်နာမှုတွေ လျော်ပေး ရမှာ ဖြစ်ပြီး၊ ညွှန်ကြားချက် တွေကို မလိုက်နာ ရင် လုပ်ကွက် တွေကို ပိတ်သိမ်း နိုင်ကြောင်း သတ္တုတွင်း ဝန်ကြီး ဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ရေမဆေး ကျောက်သမားတွေ ခိုးတူးတာ ဖြစ်နေ ရင်တော့ အရေးယူ လို့မရ ဘူးလို့ ပြောပါတယ်။

ကျောက်မျက် လုပ်ငန်း မြေပြို မှုဟာ မိုးကုတ်နဲ့ မိုင်းရှူး ဘက်မှာလည်း ဖြစ်ခဲ့ဖူး တာကြောင့် လွန်ခဲ့တဲ့ ၃ နှစ် အတွင်း အနည်းဆုံး လူ ၅၀ လောက် သေဆုံး ခဲ့ရပြီး လို့လည်း ဦးဝင်းထိန်း က ပြောပါတယ်။