ဝှိုက်ကတ် အရေး အစိုးရ ဆောင်ရွက်နေ

  • 31 မတ် 2015
sittwe ဓာတ်ပုံ မူပိုင် AP
Image caption ထောင်နဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ကျန်နေဆဲ

မြန်မာနိုင်ငံ လူဝင်မှုနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဌာနက ထုတ်ပေးထားတဲ့ ဝှိုက်ကတ် သက်တမ်းဟာ အင်္ဂါနေ့က ကုန်ဆုံး သွားခဲ့ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ နိုင်ငံသား ဖြစ် မဖြစ် မသေချာတဲ့ အဖြူရောင် ဝှိုက်ကတ်တွေ သက်တမ်း ကုန်ဆုံး သွားပြီ ဖြစ်တဲ့ အတွက် ဝှိုက်ကတ် ဟာ မြန်မာနိုင်ငံမှာ တရားမဝင် တော့ဘူး လို့လည်း သက်ဆိုင်ရာက ပြောပါတယ်။

ဝှိုက်ကတ် ကိုင်ဆောင်သူ အများဆုံး ဖြစ်တဲ့ ရခိုင် ပြည်နယ် မှာ သက်တမ်းကုန် ဝှိုက်ကတ် တွေကို ဧပြီလနဲ့ မေလ အတွင်း သက်ဆိုင်ရာ မြို့နယ် အလိုက် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း တွေဆီမှာ အပြီးအပိုင် အပ်နှံရမယ် လို့ တရားဝင် အသိပေး ကြေညာပြီး ဖြစ်တယ် လို့ ရခိုင်ပြည်နယ် လဝက ညွှန်မှူး ဦးခင်စိုး က ပြောပါတယ်။

အခုအခါ မှာတော့ မြို့နယ် အချို့မှာ ဝှိုက်ကတ်ကိုင်ဆောင်သူ အပ်နှံဖို့ စီစဉ်မှုတွေ ရှိနေပြီ ဖြစ်တယ် လို့ သူက ပြောပါတယ်။

အပ်နှံသူတွေကို သက်တမ်းကုန် ယာယီ သက်သေခံ လက်မှတ် အပ်နှံပြီးစီးကြောင်း အထောက်အထား စာရွက်ပေးမှာ ဖြစ်ပြီး ဇွန်လဆန်းက စလို့ နိုင်ငံသား လျှောက်လို့ရပြီ လို့ သိရပါတယ်။

ဝှိုက်ကပ် မရှိခဲ့သူတွေမှာလည်း တရားဝင် နေထိုင်ကြောင်း အထောက်အထား ပြနိုင်ရင် နိုင်ငံသား လျှောက်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

ဧပြီလနဲ့ မေလအတွင်းမှာ ဝှိုက်ကတ်တွေကို အပြီးပိုင် လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံသားလျှောက်ထားမှုကို တော့ ဇွန်လက နေ စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ