ရွှေညဝါ ဆရာတော်ကို တရားဟောခွင့် ဘာကြောင့်ပိတ်

  • 1 ဧပြီ 2015
Image caption ဆရာတော်ကို ဒုဗ္ဗစ အဖြစ် သတ်မှတ် တာဟာ ဗုဒ္ဓ တရား ဟောနဲ့ မကိုက်ညီ

နိုင်ငံတော် သံဃာ့မဟာ နာယက အဖွဲ့က ရွှေညဝါ ဆရာတော် ဦးပညာ သီဟကို ဒုဗ္ဗစ ဆိုဆုံး မမှုကို မနာ ခံတဲ့ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ပြီး နိုင်ငံ အနှံ့ တရား ဟောခွင့် ပိတ်ပင်လိုက် တယ်လို့ ရွှေညဝါ ဆရာတော် က မိန့်ကြား ပါတယ်။

ဗုဒ္ဓဟူးနေ့ မှော်ဘီမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်း အပွဲမှာ ဆရာတော်က မိန့်ကြား လိုက်တာ ဖြစ်ပြီး၊ အခုလို သူ့ကို ဒုဗ္ဗစ အဖြစ် သတ်မှတ် တာဟာ ဗုဒ္ဓ တရား ဟော နဲ့လည်း မကိုက်ညီ သလို၊ လက်ရှိ အခြေခံ ဥပဒေနဲ့လည်း မကိုက်ညီ ဘူးလို့ ဆရာတော်က မိန့်ပါတယ်။

ဗုဒ္ဓဘာသာ နဲ့ မကိုက်ညီ တာတွေကို ဟောတယ်လို့ ပြောတာ ဟာလည်း၊ ဆရာတော် အနေနဲ့ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း တရားဟော တာတွေကို ပြောတာ ဖြစ်မယ် လို့ မိန့်ပါတယ်။

ဆရာတော် အနေနဲ့ နိုင်ငံရေး တရား ဟောရတယ် ဆိုတာ ကလည်း မြန်မာ နိုင်ငံသူ နိုင်ငံသား တွေ အနေနဲ့ အကြောက် တရားတွေ ရှိနေတဲ့ အတွက် ဖြစ်တယ်လို့ မိန့်ပါ တယ်။

အခုလို တရားဟော အပိတ်ခံ ထား ရပေမယ့်လည်း စာရေးသား ဖေါ်ထုတ် မှာ ဖြစ်ပြီး မီဒီယာ ကနေလည်း ဆက်သွယ် ပြောကြား သွား မယ်လို့ ဆရာ တော်က မိန့်ပါ တယ်။