ရုရှား သင်္ဘောနစ်မြုပ်မှု မြန်မာ ၂၂ ဦး အသက်ရှင်

ဓာတ်ပုံ မူပိုင် Reuters
Image caption ကယ်ဆယ် နိုင်ခဲ့တဲ့ ၁၁၉ ဦး ထဲမှာ ၆၃ ဦးက အသက် ရှင်တယ် လို့ သိရ

ရုရှား ပင်လယ်ပြင်မှာ ဗုဒ္ဓဟူးညက နစ်မြုပ် သွားတဲ့ ငါးဖမ်း သင်္ဘော မှာ မြန်မာ နိုင်ငံသား ၄၂ ယောက် ပါပြီး အဲဒီ အထဲက ၂၂ ယောက် အသက် ရှင် ကျန်ရစ် ပါတယ်။

အခု နောက်ဆုံး ရရှိတဲ့ အချက် အလက် အရ မြန်မာ နိုင်ငံသား ၁၉ ယောက် ကတော့ ပျောက်နေကာ၊ ၁ ယောက်က သေဆုံး သွားပြီး ဆိုတာ အတည်ပြု နိုင်ပြီ ဖြစ်ကြောင်း နိုင်ငံခြား ရေး ဝန်ကြီးဌာန ကောင်စစ် ရေးရာ ဦးစီး ဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝေလွင်သန်းက ဘီဘီစီ ကို ပြောပါတယ်။

အခု သင်္ဘောမြုပ် သွားတဲ့ နေရာဟာ အလွန်အေးတဲ့ အတွက် ရေထဲမှာ ဆို မိနစ် ၂၀ လောက် အတွင်းမှာ အသက် သေဆုံး နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပျောက်ဆုံး နေတဲ့ မြန်မာ ၁၉ ဦး ဟာလည်း သေဆုံး ပြီလို့ ယူဆရ ပါတယ်။

မြန်မာ နိုင်ငံသား ၄၂ ဦးရဲ့ နောက်ဆုံး အခြေ အနေ တွေကို ရုရှားနိုင်ငံ မြန်မာ သံရုံး အင်တာနက် စာမျက်နှာ www.myanmarembassy.ru မှာ တင်ပေး ထား ပါတယ်။

ငါးဖမ်း သင်္ဘော ပေါ်မှာ အားလုံး ၁၃၂ ဦး ပါသွား တာဖြစ်ပြီး အဲဒီ အထဲမှာ မြန်မာ နိုင်ငံ သားက ၄၂ ဦး ပါဝင် တာ ဖြစ်ပါတယ်။ ကယ်ဆယ် နိုင် ခဲ့တဲ့ ၁၁၉ ဦး ထဲမှာ ၆၃ ဦးက အသက်ရှင်တယ် လို့ သိရ ပါတယ်။