တကသ နဲ့ ပြည်ပ ကျောင်းသားတွေတွေ့

  • 4 ဧပြီ 2015
letpadan ဓာတ်ပုံ မူပိုင် Getty
Image caption ကျောင်းသားတွေ အဖမ်းခံ ရတဲ့ ကိစ္စ ဆွေးနွေး

အောက်စဖို့ တက္ကသိုလ် အပါအဝင် ယူကေ နဲ့ ဩစတြေးလျ တက္ကသိုလ် တွေက ကျောင်းသား သမဂ္ဂ ခေါင်းဆောင် တွေ ဟာ တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ အဖွဲ့ နဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် မြေလတ် ဒေသ ကျောင်းသား ကိုယ်စားလှယ် တွေနဲ့ (၂) ရက်ကြာ တွေ့ဆုံ နေပါတယ်။

တကသ ကျောင်းသား ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံပွဲ ကို ရန်ကုန်မြို့ န၀ဒေး လမ်းမှာ ရှိတဲ့ အယ်လ်ဖာ ဟိုတယ် မှာ ပြုလုပ် ခဲ့ကြပါတယ်။

တက္ကသိုလ် တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကျောင်းသား သမဂ္ဂ တွေ ရဲ့ အခန်းကဏ္ဍ တွေ နဲ့ ပတ်သက်ပြီး နိုင်ငံခြား တက္ကသိုလ် တွေ နဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြတာ ဖြစ်ပါတယ်။

တကသ ကျောင်းသား ကိုယ်စားလှယ် တွေက မြန်မာနိုင်ငံတွင်းက ပညာရေး ဥပဒေ ပြင်ဆင် နေတာ တွေနဲ့ ကျောင်းသားတွေ အဖမ်းခံ ထားရတဲ့ အခြေအနေ တွေကို ဆွေးနွေး ခဲ့ကြပါတယ်။

တွေ့ဆုံပွဲကို ယူကေ နဲ့ ဩစတြေးလျ မှာ ရှိတဲ့ တက္ကသိုလ် (၄) ခုက ကျောင်းသား တွေနဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် ၊ ဒဂုံတက္ကသိုလ် ၊ အနောက်ပိုင်း နည်းပညာ တက္ကသိုလ် စတဲ့ တက္ကသိုလ် တွေက တကသ ကျောင်းသား အယောက် (၅ဝ)လောက် တက် ခဲ့ပါတယ်။

အခုလို ဆွေးနွေးခွင့် ရတာ ဟာ ဒီက တက္ကသိုလ် တွေ အတွက် အကျိုးရလဒ် ရှိတယ် လို့ ဆွေးနွေးပွဲ ကို ဦးဆောင်တဲ့ ရန်ကုန် စီးပွားရေး တက္ကသိုလ် တကသ ဥက္ကဋ္ဌ ကိုဇေယျာလွင် ပြောပါတယ်။

ရန်ကုန်မှာ (၂)ရက်ကြာ ဆွေးနွေးလို့ ပြီးရင် နိုင်ငံခြား တက္ကသိုလ် တွေက ကျောင်းသား တွေဟာ မကွေးမှာ ဗကသ မြေလတ်ကျောင်းသားတွေ နဲ့ သွားတွေ့ဖို့ လည်း ရှိပါတယ်။

မကွေး၊ ရေနံချောင်း၊ ချောက်၊ ပြည် တက္ကသိုလ် တွေက ဗကသ မြေလတ် ကျောင်းသား ကိုယ်စားလှယ်တွေ တက်မယ် လို့ သိရပါတယ်။

အခုလို နိုင်ငံခြား တက္ကသိုလ် တွေက သမဂ္ဂ ခေါင်းဆောင်တွေ နဲ့ ဒီက ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်တွေ တွေ့ဆုံ တာက ပထမဆုံး အကြိမ်ပါ။

ဒီလို တွေ့ဆုံဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် ကြားက ဆောင်ရွက် ပေးတာ ဖြစ်ပါတယ်။

ခရီးစဉ် အတွင်း တကသ နဲ့ ဗကသ မြေလတ် ကျောင်းသားတွေ နဲ့ပဲ တွေ့ဆုံပြီး ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် က ကျောင်းသား ကိုယ်စားလှယ် အများစု ကတော့ ဖမ်းဆီး ထိန်းသိမ်း ခံထားရ တဲ့အတွက် ဒီအချိန်မှာ တွေ့နိုင်မှာ မဟုတ်ဘူး လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ