တိုင်းရင်းသား ညီလာခံ လုပ်မယ့် နေရာ UWSA ကမ်းလှမ်း

ဓာတ်ပုံ မူပိုင် Getty
Image caption တိုင်းရင်းသား ညီလာခံကို ကရင်၊ ကချင် နဲ့ ဝ ဒေသ တခုခုမှာ ကျင်းပဖို့ စဉ်းစားနေ

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် မူကြမ်း ဆိုင်ရာ တိုင်းရင်းသား ညီလာခံ တခုကို မကြာခင် ကျင်းပဖို့ရှိရာ၊ UWSA ဝ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ က သူတို့ ဆီမှာ ကျင်းပဖို့ ကမ်းလှမ်း လိုက်ပါ တယ်။

မေလ ၁ ရက်နေ့မှာ ကျင်းပဖို့ အစီ အစဉ် ရှိပြီး၊ ဒီအတွက် တိုင်းရင်းသား အဖွဲ့တွေ ထံ မကြာခင် ဖိတ်စာ ပို့သွား မယ်လို့ UWSA ပြောခွင့်ရသူ ဦးအောင်မြင့်က ဘီဘီစီ ကိုပြော ပါတယ်။

အစိုးရ တပ်ဖွဲ့တွေ နဲ့ လက်ရှိ တိုက်ခိုက် နေဆဲ ဖြစ်တဲ့ MNDAA ကိုးကန့် အဖွဲ့ နဲ့ တအာန်းပလောင် TNLA အဖွဲ့ တွေကိုလည်း ဒီညီလာခံကို ဖိတ်ကြားမှာ ဖြစ်တယ် လို့ သူက ဆက်ပြော ပါတယ်။

အစိုးရနဲ့ ဆွေးနွေး ခဲ့တဲ့ NCCT ဘက် ကတော့ အခု လုပ်မယ့် ညီလာခံ နေရာ အတွက် စဉ်းစား ညှိနှိုင်း နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ KNU ဌာနချုပ်၊ KIO ဌာနချုပ် ဒါမှ မဟုတ် ဝ ဒေသ တခုခုမှာ ပြုလုပ်ဖို့ ရှိတယ်လို့ NCCT အဖွဲ့ဝင် ဆလိုင်း လျံမုန်း က ပြောပါတယ်။

ဒီညီလာခံမှာ NCCT အဖွဲ့ဝင် ၁၆ ဖွဲ့ အပြင် နောက်ထပ် လေ့လာသူ ၅ ဖွဲ့ အားလုံးပေါင်း တိုင်းရင်းသား လက်နက်ကိုင် ၂၁ ဖွဲ့ စလုံး တက်နိုင်အောင် စီစဉ်မှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

တနိုင် ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ကို အစိုးရရဲ့ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ NCCT အကြား မကြာသေး ခင်က သဘောတူ ညီ ခဲ့ကြတာ ဖြစ်ပါ တယ်။