အစိုးရ အစီ​အစဉ်​နဲ့ ငြိမ်း​ချမ်း​ရေး ထောက်ခံ​ပွဲ​တွေ ပြုလုပ်​နေ

_nca_draft_agreed
Image caption အပစ်ရပ်မူကြမ်း ထွက်လာတဲ့နောက်ပိုင်း အစိုးရ က ငြိမ်းချမ်းရေး ထောက်ခံပွဲ တွေ ဆိုပြီး မြို့ရွာ အနှံ့ ပြုလုပ် လာနေပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့ အစိုးရ အကြား မှာ တနိုင်ငံလုံး အပစ်ရပ် ဆဲရေး အတွက် မူကြမ်း တစ်စောင် ရရှိခဲ့တဲ့ နောက်ပိုင်း မြို့ရွာဒေသ တချို့ မှာ ဒေသခံ တွေ က အစိုးရ ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း အပေါ် အားပေး ထောက်ခံ ပွဲ တွေ ဆိုပြီး ပြုလုပ် လာနေတယ် လို့ အစိုးရ ရဲ့ သတင်း မီဒီယာ တွေ မှာ ဖော်ပြ လာနေပါတယ်။

တနင်္လာ နေ့ မှာလည်း ရှမ်းပြည် က မူဆယ် နဲ့ နမ့်ခမ်း မြို့တွေ မှာ ကျင်းပဖို့ ရှိနေပါတယ်။

မြို့နယ် အုပ်ချုပ်ရေး မှုး ရဲ့ ညွှန်ကြားချက် နဲ့ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အာဏာပိုင် တွေ က တစ်ရပ်ကွက် ကို လူ ၃၀ စီ ဆင့်ခေါ် ပြီး စီစဉ်ပေး ရတာ ဖြစ်တယ် ဆိုပြီး နမ့်ခမ်း မြို့ခံ တစ်ဦး ဖြစ်တဲ့ စိုင်းမောက်စိုင်း က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး ကို ထောက်ခံ ပါကြောင်း ကြွေးကြော်သံ ၅ ချက် ကိုလည်း အာဏာပိုင် တွေ က တပါတည်း သတ်မှတ် ပေးထားတယ် လို့ စိုင်းမောက်စိုင်း က ဆိုပါတယ်။

အစိုးရ ရဲ့ အစီအစဉ် နဲ့ ဒီလို မျိုး ပွဲ တွေ ကို ရှမ်းပြည် တဝှမ်းက မြို့တွေ မှာ အရှိန်အဟုန် နဲ့ ကျင်းပ သွားဖို့ ရှိ နေပါတယ်။

ရှမ်းပြည် တောင်ပိုင်း လင်းခေး နဲ့ မြောက်ပိုင်း က ကျောက်မဲ မြို့နယ် တွေ မှာ အလားတူ ပွဲ တွေ ပြုလုပ်ခဲ့ပြီး ဖြစ်သလို၊ တနင်္ဂနွေ နေ့ က ဆိုရင် ရှမ်းပြည် မြောက်ပိုင်းက လာရှိုး မှာ သာမက၊ မွန်ပြည်နယ် တွင်းက သထုံ၊ ကျိုက်မရော နဲ့ မုဒုံ မြို့နယ် တွေ မှာ ပြုလုပ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ