ရုရှ သင်္ဘော က မသေဘဲ ကျန်သူတွေ ပြန်ခေါ်

  • 6 ဧပြီ 2015
Dalniy Vostok ဓာတ်ပုံ မူပိုင် Reuters
Image caption ငါးဖမ်း သင်္ဘောနစ်မှု လူ ၅ဝ ကျော် သေဆုံး

ရုရှ နိုင်ငံ ဆိုက်ဘေးရီးယား ဒေသ မှာ နစ်မြုပ် ခဲ့တဲ့ ငါးဖမ်း သင်္ဘော ပေါ်က အသက်မသေ ကျန်သူ တွေနဲ့ ရုပ်အလောင်း တွေကို သင်္ဘော ၂ စီးနဲ့ ကမ်းခြေ ကို ပြန်သယ် လာတာ ဧပြီလ ၈ ရက်နေ့ Korsakov မြို့ကို ရောက်မယ် လို့ မော်စကို မြန်မာ သံရုံး က ကောင်စစ်ဝန် ဦးအောင်ကျော်မိုး က ပြောပါတယ်။

မသေဘဲ ကျန်ရစ်တဲ့ မြန်မာ သင်္ဘောသား ၂၂ ယောက် နဲ့ အတူ ဘယ် နိုင်ငံသား ဆိုတာ မခွဲခြား နိုင်သေးတဲ့ ရုပ်အလောင်း တွေ လည်း ပါလာတာ ဖြစ်ပါတယ်။

အားလုံး ၁၃ ယောက် ပျောက်ဆုံး နေပြီး ရုရှ ဘက်က ဆက်ရှာနေ တယ်လို့ ပြောပါတယ်။

ဒီလူတွေကို ဆေးဝါး ကုသ မှုတွေ အပြင် သံရုံးက နိုင်ငံသား စိစစ်မှု၊ နိုင်ငံကူး လက်မှတ် ထုတ်ပေးမှု တွေ လုပ်သွားဖို့ ၊ နောက် နိုင်ငံရင်း ပြန်လည် ခေါ်ယူဖို့၊ လျော်ကြေး တောင်းခံ ပေးမှုတွေ လုပ်သွား ဖို့ ရှိပါတယ်။

သင်္ဘောသားတွေကို စေလွှတ်လိုက်တယ် ဆိုပြီး မြန်မာ သံရုံးကို ဆက်သွယ် လာတဲ့ ကုမ္ပဏီ ၂ ခု ရှိတယ်လို့လည်း ဆိုပါတယ်။

သူတို့အတွက် အာမခံ ထားရှိ ပေးထားပြီး ရပိုင်ခွင့်တွေ အတွက် သင်္ဘော ကုမ္ပဏီနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်၊ မြန်မာ ပြည်က သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး နဲ့ ဆက်သွယ် အကြောင်းကြားပြီး ဖြစ်ကြောင်း ဒီစာတွေ ထဲမှာ ရေးသား ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ