လုံးခင်း ကျောက်တွင်း မြေပြိုလို့ လူအများ မြေပိ ပျောက်ဆုံး

  • 9 ဧပြီ 2015
ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ၁ ဦး ကတော့ အသက်ရှင် လွတ်မြောက် ခဲ့ပြီး၊ အလောင်း ၈ လောင်းကို ဆွဲထုတ် နိုင်ခဲ့

ကချင် ပြည်နယ် ဖားကန့် မြို့နယ် လုံးခင်း ကျေးရွာ အနီးမှာ ဗုဒ္ဓဟူးနေ့ ညနေက ကျောက်စိမ်းတွင်း တစ်ခု ပြိုကျ ခဲ့တဲ့ အတွက် ကျောက်တူး လုပ်သား ၆၀ လောက် မြေပိပြီး ပျောက်ဆုံး နေ ပါတယ်။

မြေစာ ပြိုကျ မှုကနေ ကျောက်တွင်း လုပ်သား ၁ ဦး ကတော့ အသက်ရှင် လွတ်မြောက် ခဲ့ကြောင်း ဒေသခံ ခရစ်ယာန် ဓမ္မဆရာ တဦးက ဘီဘီစီကို ပြောပါတယ်။

နောက်ပိုင်း မှာတော့ အလောင်း ၈ လောင်းကို ဆွဲထုတ် နိုင်ခဲ့ပြီး ဆေးရုံကို ပို့ထား တယ်လို့ သိရ ပါတယ်။

မြယမုံ ကျောက်စိမ်းတူး ကုမ္ပဏီရဲ့ ကျောင်တွင်း တစ်ခုပြိုတာ ဖြစ်ပြီး၊ ကျောက်တူး လုပ်သား တွေနဲ့ အတူ မြေသယ် တဲ့ ကားတွေ လည်း မြေအောက်မှာ ပိကုန် တယ်လို့ ပြောပါတယ်။

ဖြစ်ဖြစ်ချင်း အချိန်မှာ တော့ မြေတွေ ထပ်ပြို မှာ စိုးလို့ ဘယ်သူမှ အနား မကပ်ရဲ ကြဘဲ၊ နောက်ပိုင်း ကျမှ မြေတူး စက်တွေနဲ့ ကယ်ဆယ် ရှာဖွေ ရေးကို လုပ်ဆောင် ခဲ့ တယ်လို့ သိရပါတယ်။