လွှတ်တော် တစ်လ ရပ်နား

  • 10 ဧပြီ 2015
Burma Parliament ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော် အမတ်များ

ဇန်နဝါရီလ က စတင်ခဲ့တဲ့ လွှတ်တော် ပုံမှန်အစည်း အဝေးတွေကို ဧပြီလ ၁၀ ရက်နေ့က စတင်ပြီး တစ်လ ရပ်နားလိုက် ပါတယ်။

၄ လကျော်ကြာ လွှတ်တော် အစည်း အဝေးတွေ အတွင်းမှာ ဥပဒေတွေ အတော်များများကို ပြဌာန်းနိုင်ခဲ့ပြီး အစိုးရရနဲ့ လွှတ်တော်ကြား အပြန် အလှန် ထိန်းညှိတာတွေ လုပ်နိုင် ခဲ့တယ်လို့ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အစိုးရက ဘယ်ကိစ္စရပ်တွေ ဆောင်ရွက်သင့်တယ် ဆိုတာကို လွှတ်တော်မှာ အရေးကြီးအဆို အရေးပေါ် အဆိုတွေ တင်ပြနိုင်ခဲ့တာ ရှိတယ်လို့ သူက ပြောပါတယ်။

အားရစရာ မရှိတာတွေထဲမှာ အခုလွှတ်တော်ကာလမှာ အပြီးသတ် တင်မယ်လို့ ရည်မှန်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို မတင်နိုင်ခဲ့တာလည်း ပါတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒါ့အပြင် ဥပဒေတွေထဲမှာ အရေး တကြီး ဆွေးနွေးဖို့ ဖြစ်လာတာက အမျိုးသား ပညာရေး ဥပဒေ ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ ဒီဥပဒေကို အမျိုးသား လွှတ်တော်မှာ ဆွေးနွေး ပြီးသွားပြီ ဖြစ်လို့ ပြည်သူ့လွှတ်တော်ကို ပေးပို့ခဲ့ရာမှာ ပြင်ဆင်ချက်တွေနဲ့ ပြန်လည် ပေးပို့ထားပြီး ဖြစ်ပေမဲ့ အခု လွှတ်တော် အစည်း အဝေးမှာ ပြီးပြတ်အောင် မဆွေးနွေးနိုင် ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

မျိုးစောင့် ဥပဒေလေးခုမှာလည်း တစ်ခုကိုသာ ပြီးပြတ်အောင် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေက အရင်ကထက်စာရင် ပိုပြီး ပါဝင် ဆွေးနွေးလာတာတွေ ရှိပေမဲ့ နဂိုကတည်းက တင်ထားပြီးသား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ ဆိုင်တဲ့ တချို့ အချက်တွေကို သူတို့ တင်ပြ ဆွေးနွေးလာတာဟာ တကယ်တန်း ဖွဲ့စည်းပုံ ပြင်ရမယ့် အချိန်ရောက်တဲ့ အခါ လွှတ်တော်တွင်းမှာ ရှိနေတဲ့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို သုံးပြီး ပြင်လို့ မရအောင် လုပ်ဆောင်မလားဆိုတဲ့ စိုးရိမ်မှုတွေ တော့ ရှိနေတယ်လို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ