ကိုး​ကန့်နယ်စပ်​ဒေသ မှာ အစိုးရ စစ်​ရေး အရှိန်​မြှင့်

  • 11 ဧပြီ 2015
_kokan ဓာတ်ပုံ မူပိုင် Reuters
Image caption အစိုးရ ဘက်က ထိုးစစ် အကြီး တစ်ခု ဆင်နွှဲဖို့ သံချပ်ကာ၊ လက်နက်ကြီး နဲ့ လူအင်အား ဖြည့်တင်းနေတယ်လို့ MNDAA ပြော။

ကိုးကန့် ဒေသ အရှေ့ ဘက်ခြမ်း မှာ အစိုးရ စစ်တပ် ဘက်က လူအင်အား လက်နက်ကြီး အင်အား တွေ တိုးမြင့်ပြီး စစ်ရေး အရှိန် မြှင့် လာတယ် ဆိုပြီး ကိုးကန့် တပ်ဘက် က ပြောနေပါတယ်။

အစိုးရ တပ် တွေ ဟာ လူ အင်အား ၁၈၀၀ ကနေ ၂၀၀၀ ကြား လောက်သုံး ပြီး နေ့တိုင်း ထိုးစစ်ဆင် နေတာ ၄ ရက် ရှိပြီ လို့ ကိုးကန့်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်း က ဘီဘီစီ ကို ပြောပါတယ်။

ဟိုပန် နဲ့ ချင်းရွှေဟော် တို့ လို လောက်ကိုင် ရဲ့ တောင်ဘက် က နယ်စပ်ဒေသ တွေ မှာ လည်း အစိုးရ က လက်နက်ကြီး အင်အား တိုးချဲ့ ပြီး စစ်ဆင် နေတယ်လို့ လည်း ဆိုပါတယ်။

ကိုးကန့် တပ် နဲ့ မြန်မာ အစိုးရ တပ် တွေ ကြား ဖြစ်ပွားနေ တဲ့ ကိုးကန့် ဒေသ တိုက်ပွဲတွေ ဟာ ၂၀၁၅ နှစ်ဆန်း ပိုင်း မှာ တောက်လျှောက် ဆိုသလို ဖြစ်နေခဲ့ ပြီး အစပိုင်း တိုက်ပွဲတွေ မှာ မြန်မာ အစိုးရ တပ်တွေ အထိအခိုက် အကျ အဆုံး များခဲ့ပါ တယ်။

နောက်ပိုင်းမှာ အစိုးရ ကထိုးစစ် ဆင်ပြီး နယ်မြေ တော်တော် များများ ကို ပြန်ပြီး ထိန်းချုပ် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ