ရန်ကုန် သင်္ကြန်နဲ့ လုံခြုံရေး

  • 11 ဧပြီ 2015
Image caption စိတ်ကြွ ဆေးလို မူးယစ် ဆေးဝါးတွေကို လူငယ် တွေ သုံးစွဲ မှုတွေက သင်္ကြန်ဆို ပိုများ လာတတ် ပါတယ်

ရန်ကုန် သင်္ကြန်မှာ လူငယ် တွေကတော့ လူငယ် ဘာဝ ပျော်ရွှင် ကြမှာ ဖြစ်သလို၊ တဘက် မှာလည်း လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက် မှာ ဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။

ဒါပေမယ့် သောက်စား မူယစ်ပြီး အပျော် လွန်တာ မျိုးတွေ နဲ့ မတော် တဆ မှုတွေ ထိခိုက် ဒဏ်ရာ ရတာတွေ ကလည်း နှစ်စဉ် ရှိနေ တာပါ။ ဒီလို ကိစ္စတွေ အတွက် လည်း ရပ်ကွက် အဆင့် အထိ လုံခြုံရေး နဲ့ ကျန်းမားရေး ဝန်ထမ်းတွေကို ပါ တာဝန် ချထားမှာ ဖြစ်တယ်လို့ ဒုရဲမှူးကြီး ဦးဝင်းကြည်က ပြောပါ တယ်။

ဒါပေမယ့်လည်း ရေကစား မဏ္ဍပ် အတွင်းက ဘားဆိုင်တွေ မှာတော့ အရက် သေစာ ရောင်းချ မှုတွေ ကတော့ နှစ်စဉ် နှစ်တိုင်း ရှိနေတာပါ။ ဒါ့အပြင် စိတ်ကြွ ဆေးလို မူးယစ် ဆေးဝါးတွေကို လူငယ်တွေကြား သုံးစွဲ မှုတွေ ကလည်း သင်္ကြန် ကာလဆို ပိုများ လာတတ် ပါတယ်။

ဒုရဲမှူးကြီး ဦးဝင်းကြည် ကတော့ ဒီနှစ်သင်္ကြန်မှာ မူးယစ် ဆေးဝါး ရောင်းချ တာကို စီမံ ကိန်းချ ဖမ်းဆီးမှာ ဖြစ်သလို အရက် သေစာ ရောင်းချ မှုတွေကို လည်း ရေကစား မဏ္ဍပ် အတွင်း မှာရော ပြင်ပ မှာရော ပိတ်ပင် ထားပြီး တကယ်လို့ ရောင်းချ တာကို တွေ့ ရှိရင် မဏ္ဍာပ် ပိတ်သိမ်းတဲ့ အထိ အရေးယူ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် Channel 5 ရေကစား မဏ္ဍပ်က စီစဉ် ဆောင်ရွက်သူ ကိုသစ်မင်းဆွေက လည်း ဒီနှစ် သင်္ကြန် ရေကစား မဏ္ဍပ်တွေ မှာတော့ အရင်က ထက် စည်းမျဉ်း စည်းကမ်း တွေ ပိုချ ထားတယ်လို့ ပြောပါတယ်။