မောင်​တော​မြို့​ကို နယ်ခြား​စောင့်​ရဲ​တွေ တောင်းပန်​မယ်

  • 16 ဧပြီ 2015
_maungdaw
Image caption ကျုးလွန်ခဲ့တဲ့ ရဲမှုးတစ်ဦးအပါအ၀င် ၂၁ ယောက် ကို ဖမ်းဆီးထား။

ရခိုင် ပြည်နယ် မှာ အစိုးရ ရဲ့ နယ်ခြားစောင့်တပ် ရဲတွေ က မောင်တော မြို့ထဲကို ဝင်ရောက် ပြီး ရမ်းကား ရိုက်နှက် ဖျက်စီး မှု တွေ လုပ်ခဲ့တဲ့ အတွက် ဒီနေ့ နှစ်ဆန်း တစ်ရက် နေ့ မှာ မြို့ ကို ပြန် တောင်း ပန် မယ် ဆိုပြီး နယ်ခြားစောင့် ရဲ ရဲ့ ကွပ်ကဲ ရေးမှုး ချုပ် က ပြောဆို ခဲ့တယ် လို့ ရခိုင် အသိုင်းအဝိုင်း က ပြောပါတယ်။

ဒီ ကိစ္စ ကို ကျူးလွန် ခဲ့တဲ့ ရဲမှုး တစ်ဦး အပါအဝင် ၂၁ ဦး ကို ဖမ်းဆီး ထားပြီး အဖွဲ့အစည်း ရဲ့ စည်းမျဉ်း တွေ အတိုင်း အရေးယူ သွားဖို့ လည်း ရခိုင် ရပ်မိရပ်ဖ တွေကို အာဏာပိုင် တွေ က ကတိ ပြုခဲ့တယ် လို့ အစိုး ရ ပိုင်း နဲ့ ရခိုင် လူမှု အသိုင်းအဝိုင်း တွေ့ဆုံ ကြတုန်း မှာ ကိုယ်တိုင် ပါဝင် ခဲ့တဲ့ ဦးသန်းထွန်း က ဘီဘီစီ ကို ပြောပါတယ်။

သင်္ကြန် အကျ နေ့တုန်းက မောင်တော မြို့ အဝင် ၃ မိုင် စခန်း မှာ မိန်းကလေး တွေ ကို ရေပက် ကစားရာ ကနေ ကိုယ်ထိ လက်ရောက် ကျူးလွန်မှု တွေ ရှိလာ လို့ ဆိုပြီး မြို့ခံ လူငယ် တွေ နဲ့ နယ်ခြားစောင့် ရဲ တပ်ဖွဲ့ ဝင် တွေ အချင်းများ ကြ ခဲ့တဲ့ နောက်၊ နယ်ခြားစောင့် တပ်ဖွဲ့ ဝင်တွေ မြို့ထဲ ကို ဝင်ရောက် လာပြီး အရပ် သား တွေ ကို ရိုက်နှက် တာ၊ ကားတွေ ကို ဖျက်စီး တာ မျိုး တွေ ပြုလုပ်ခဲ့တာ ဖြစ်တယ် လို့ ဒေသခံ တစ်ဦး က ပြောပါ တယ်။

ကျုးလွန် ခဲ့သူ တွေ ဟာ လူမျိုးရေး ကို အခြေခံ တဲ့ နှိမ့်ချ ပြောဆို မှု တွေ လည်း ပြုမူ ခဲ့တဲ့ အတွက် အခုလို မောင်တော မြို့ က ရခိုင် အသိုင်းအဝိုင်း ကို တောင်းပန် မယ့် အစီအစဉ် ဟာ သင့်မြတ် တယ်လို့လည်း ရပ်မိရပ်ဖ တွေ က ယူဆ နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ