အိန္ဒိယ မြန်မာ ထိုင်း လမ်းဖောက်​ဖို့ ဝန်ကြီး​တွေ ဆွေးနွေး​မယ်

  • 17 ဧပြီ 2015
_india_burma
Image caption မဏိပူရနယ် အင်ဖာ ကနေ မန္တလေးကို အပတ်စဉ် ဘတ်စ်ကား ပြေး နိုင်ဖို့လည်း စီစဉ် ထားကြ ပါတယ်။

အိန္ဒိယ- မြန်မာ-ထိုင်း တို့ကို ဆက်သွယ် ပေးမယ့် လမ်းသစ် ဖောက်လုပ် ဖို့ ၃ နိုင်ငံ က ပို့ဆောင်ရေး ဝန်ကြီး တွေ ဧပြီလ ၁၈ ရက်နေ့ အိန္ဒိယ နိုင်ငံမှာ တွေ့ဆုံ ပြီး အခြေခံ သဘောတူ မှု တွေ ကို ဆုံးဖြတ် ကြ ဖို့ ရှိပါ တယ်။

အိန္ဒိယ ဟာ မြန်မာ နိုင်ငံ နဲ့ စီးပွားရေး ဆက်ဆံ မှု တိုးမြှင့် ဖို့ ကြိုးစား နေတာ မှာ အခုလို လမ်းသစ် တွေ တည်ဆောက် တာမျိုး လို အခြေခံ အဆောက်ဦ တွေ တိုးတက် လာအောင် လုပ်ကိုင် တာမျိုး အပါအဝင် ၊ စစ်တွေ ရေနက် ဆိပ်ကမ်း စီမံကိန်း မှာ ဝင်ရောက် ရင်းနှီး မြှုပ် နှံ နေတာမျိုး လည်း ရှိပါတယ်။

အိန္ဒိယ သမ္မတ နရိန္ဒြာ မိုဒီ က သူ့လက်ထက် မှာ အရှေ့တောင် အာရှ နိုင်ငံ တွေ နဲ့ ပူးပေါင်း ဆောင်ရွက် မှု တွေ တိုးမြှင့် မယ် လို့ ပြောထား ပါတယ်။

ဒါပေမယ့် အိန္ဒိယ- မြန်မာ ၂ နိုင်ငံ ကြား ကုန်သွယ် မှု တကယ် တိုးတက် နိုင်ဖို့ အိန္ဒိယ ရဲ့ ဘဏ်တွေ မြန်မာ နိုင်ငံ မှာ ဖွင့်လှစ် နိုင် ဖို့ လိုအပ် တယ် ဆိုပြီး အိန္ဒိယ-မြန်မာ ကုန်သည်ကြီး များ အသင်း ရဲ့ ဒုတိယဥက္ကဌ Ashok Murarka က သုံးသပ် ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ် ရဲ့ လက်ရှိ မူဝါဒ အရ နိုင်ငံခြား ဘဏ် တွေ လာရောက် လုပ် ကိုင် လိုရင် အမေရိကန် ဒေါ်လာ သန်း ၇၀ ကြိုတင် ပေးရမယ် ဆိုတဲ့ အချက် မှာ အိန္ဒိယ ဘဏ်တွေ နဲ့ ညှိမရ ဖြစ်နေတာ လို့ လည်း မစ္စတာ မူရာက က ဆိုပါတယ်။

တကယ်လို့ အိန္ဒိယ ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ သာ မြန်မာ နိုင်ငံ ကို များများစားစား ဝင်ရောက် လာနိုင်ရင် အိုင်တီ အပါအဝင် အရည်အသွေး ရှိတဲ့ နည်းပညာ တွေ လည်း စီးဝင် လာနိုင် တယ် ဆိုပြီး တော့လည်း မစ္စတာ မူရာက က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ