ပြည်သူ့စစ်ရဲ့ မူးယစ်ဆေးဝါးတွေ TNLA သိမ်းဆည်းမိ

ဓာတ်ပုံ မူပိုင် AP
Image caption လွယ်လွမ် ဌာနေ ပြည်သူ့စစ် စခန်း တခုကို TNLA တပ်ဖွဲ့က တိုက်ခိုက် ခဲ့ပြီး အခုလို သိမ်းဆည်းမိ

တအာင်း ပလောင် TNLA တပ်ဖွဲ့ ကနေ မြန်မာ အစိုးရရဲ့ ပြည်သူ့ စစ်ထံမှ ကျပ် သိန်း ၃၅၀ ကျော်ဖိုး မူးယစ် ဆေးဝါးနှင့် အတူ လက်နက် ငယ်တွေ သိမ်းမိ ကြောင်း TNLA ဘက်က ကြေညာ လိုက်ပါတယ်။

ပန်းဆေး ပြည်သူ့စစ် လက်အောက်ခံ၊ လွယ်လွမ် ဌာနေ ပြည်သူ့စစ် အဖွဲ့ စခန်း တခုကို TNLA တပ်ဖွဲ့က မနေ့က တိုက်ခိုက် ခဲ့ပြီးနောက် အခုလို သိမ်းဆည်း ရတာ လို့ ပြောပါတယ်။

ဘိန်းမဲ (၁၀) ပိဿာ၊ ယာမ ဆေးပြား (၁၄၂၀၀၀)ပြား ဆပ်ပြာ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ(၁)ခွက် နဲ့ အတူ လက်ကိုင် စကား ပြောစက်(၁)လုံး၊ လက်နက် ငယ် M22 (၁) လက်၊ M16 (၁) လက်တို့ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။

အပြန် အလှန် ပစ်ခတ်မှုကြောင့် ပြည်သူ့စစ် ဘက်မှ (၄) ဦး ကျဆုံးကာ (၆) ဦး ထက်မနည်း ဒဏ်ရာ ရရှိ သွားတယ်လို့ TNLA ဘက်က ပြောပါတယ်။

ပန်းဆေး ပြည်သူ့စစ် ဘက်ကတော့ ဒီသတင်း နဲ့ ပတ်သက်ပြီး ဘာမှ တုံ့ပြန် ပြောကြားခြင်း မရှိသေးပါ။