ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းတွေ စိစစ်

  • 18 ဧပြီ 2015
usdp ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ပြန်အရွေးခံမခံ မသိရသေး

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ က လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲ အတွက် လွှတ်တော် ကိုယ်စားလှယ် လောင်း တွေ တင်သွင်းဖို့ စီစဉ် နေပြီ လို့ သိရပါတယ်။

ပြည်သူ့ အကျိုး လိုလားပြီး ဒေသခံတွေနဲ့ ရင်းနှီး ကျွမ်းကျင်သူ တွေကို စိစစ် ရွေးချယ် သွားမှာ ဖြစ်ပြီး ခုထိ အပြီးသတ် မရွေးရသေးဘူးလို့ ကြံ့ခိုင်ရေး ပါတီ အတိုင် ပင်ခံ နဲ့ ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်း က ပြောပါတယ်။

ဝင်အရွေးခံ ကြမယ့်သူ တွေထဲမှာ လက်ရှိ အစိုးရ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ ပြန် ပါလာစရာ ရှိပြီး သမ္မတ ဦးသိန်းစိန် ပြန် အရွေးခံ မလား မသိရသေးဘူး လို့ သူက ပြောပါတယ်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦး ရွှေမန်းလည်း ပြန်အရွေးခံ ဖို့ ရှိပါတယ်။

သမ္မတ၊ လွှတ်တော်နဲ့ ပါတီ အောက်ခြေ ပိုင်းက တင်သွင်း တဲ့ ကိုယ်စားလှယ် လောင်း တွေကို မေလ လယ်မှာ ပါတီ ညီလာခံ ကျင်းပပြီး မှ အပြီးသတ် ရွေးချယ်မှာ ဖြစ်ပါတယ်။

ခုထိ အစိုးရ ဘက်က တင်သွင်းတဲ့ ကိုယ်စားလှယ် လောင်းက ၆ဝ ကျော် လောက် ရှိပါတယ်။

ကြံ့ခိုင်ရေး ပါတီ ခေါင်းဆောင်ပိုင်း က တော်တော် များများ ပြန်အရွေးခံမယ် လို့ ဦးအောင်သောင်းက ပြောပါတယ်။

သူကိုယ်တိုင် ပြန်အရွေးခံဖို့က အသက်အရွယ်ကြောင့် မသင့်တော်လို့ ပြန်စဉ်းစား နေတယ်လို့ ဆိုပါတယ်။

အရင်တခါ ရွေးကောက်ပွဲလို ကိုယ်စားလှယ်လောင်း တထောင်ကျော် လောက် ကြံ့ခိုင်ရေးက တင်သွင်း ယှဉ်ပြိုင် သွားဖို့လည်း ရှိပါတယ်။

စစ်အစိုးရ ခေတ် က ဗိုလ်ချုပ်ဟောင်း ကြီးတွေ ထူထောင်မယ် လို့ သတင်းပြေး နေတဲ့ ပါတီသစ်နဲ့ ပတ်သက် ပြီး မိတ်ဘက် ဖြစ်မလား၊ ပြိုင်ဘက် ဖြစ်မလား ပြည်သူ အရွေးချယ် ခံပြီးမှ ပြောနိုင်မယ် လို့ သူက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ