နိုင်ကျဉ်း စိစစ်ရေး ပြန်ဖွဲ့ဖို့ အဖွဲ့ ၂၀ တောင်းဆို

Image caption နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ လူ့အခွင့် အရေး ကျွမ်းကျင် သူတွေ ပိုမို ပါဝင်ခွင့် ရှိဖို့လို

နိုင်ငံရေး အကျဉ်းသား များ ကူးညီ စောင့်ရှောင့်ရေး အသင်း AAPP အပါ အဝင် နိုင်ငံ တကာမှာ ရှိတဲ့ မြန်မာ့ အရေး လှုပ်ရှား ဆောင်ရွက် နေတဲ့ အဖွဲ့ အစည်း ၂၀ ကနေ အစိုးရရဲ့ နောက်ဆုံး ဖွဲ့စည်း ခဲ့တဲ့ နိုင်ငံသား အကျဉ်းသား ရေးရာ ကော်မတီ ကို ပြန်လည် ဖွဲ့စည်းဖို့ ကြေညာချက် ထုတ် တောင်းဆို လိုက် ပါတယ်။

အဲဒီလို ပြန် ဖွဲ့စည်းတဲ့ အခါမှာ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ လူ့အခွင့် အရေး နယ်ပယ် တွေက ကျွမ်းကျင် သူတွေ ပိုမို ပါဝင်ခွင့် ရှိဖို့ တိုက်တွန်း ထား ပါတယ်။

လက်ရှိ စိစစ်ရေး အဖွဲ့မှာ ပြည်ထဲရေး ဒုတိယ ဝန်ကြီးက ဥက္ကဌ တာဝန် ယူထားတာ ဖြစ်ပြီး၊ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ သူတွေကို အရေး ယူတာ ဟာလည်း ပြည်ထဲ ရေးက ဖြစ်နေ တာကြောင့်၊ ဒါဟာ မဖြစ်သင့်ပဲ လွတ်လပ်တဲ့ အဖွဲ့ အစည်း မျိုးသာ ဖြစ်သင့် တယ်လို့ AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောပါတယ်။

ပြန်လည် ဖွဲ့စည်း ပြီးတဲ့ အခါ နိုင်ငံရေး အကျဉ်းသား တွေကို ပြန် စိစစ်ဖို့ သူတို့ရဲ့ ဘဝတွေ ကို ပြန်လည် ထူထောင် ပေးရေး အချက်တွေ အပါ အဝင် အချက် ၁၀ ချက်ကို လည်း တောင်းဆို ထားပါတယ်။

မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင် ကတော့ ဘယ်လိုပဲ ဖွဲ့စည်းသည် ဖြစ်စေ ရည်ရွယ်ချက် က ပို အရေးကြီး တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အစိုးရရဲ့ နောက်ဆုံး ဖွဲ့စည်း ခဲ့တဲ့ နိုင်ငံသား အကျဉ်းသား ရေးရာ ကော်မတီ ဟာလည်း အစည်း အဝေး ထိုင်တာမျိုး မရှိသေး တဲ့ အတွက် အကဲဖြတ်ဖို့ ခက်ခဲ နေသေး ကြောင်း ဦးစစ်မြိုင်က ပြောပါတယ်။