ရခိုင့် တပ်မတော်နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား

  • 21 ဧပြီ 2015
ဓာတ်ပုံ မူပိုင် moi
Image caption ဧပြီလ ၁၉ ရက်နေ့ ကတော့ AA တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးမိ ခဲ့တယ်လို့ အစိုးရ ကြေညာ

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် လက်ပံချောင်း နားမှာ ရခိုင့် တပ်မတော် AA နဲ့ အစိုးရ တပ်ဖွဲ့ တွေ အကြား ၂၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွား ခဲ့လို့ စစ်ရှောင် ထွက်ပြေး လာသူ ရွာသား ၄၀၀ ကျော် ဟာ အဲဒီ အနီးက စပါးစိုက် ရွာမှာ ခိုလှုံ နေကြရ ပါတယ်။

ပင်လုံ၊ အောင်လံချောင်း စတဲ့ ကျေးရွာတွေ အပါ အဝင် အနီး အနားက ရွာသား တွေ ဖြစ်ပြီး သူတို့ဟာ စားဝတ် နေရေး အခက် အခဲ ကြုံနေတဲ့ အတွက် ကျောက်တော် မြို့နယ် ရခိုင် အမျိုးသမီး ကွန်ရက်က ရိက္ခာတွေ သွားရောက် ပေးဖို့ စီစဉ် နေတာကို မြို့နယ် ရဲမှူးက တားမြစ် ခဲ့တယ်လို့ မြို့နယ် အမျိုး သမီး ကွန်ရက် ဥက္ကဋ္ဌ ဒေါ်လှမေက ပြောပါတယ်။

ဒါပေမယ့်လည်း စပါးဆိပ် အထိတော့ သွားရောက် အကူ အညီ ပေးသွားမယ်လို့ ဒေါ်လှမေက ပြောပါတယ်။

ဧပြီလ ၁၉ ရက်နေ့ ကတော့ အစိုးရ ဘက် ကနေ AA တပ်ဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးမိ ခဲ့တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန အင်တာနက် ဝက်ဘ်ဆိုက်မှာ ဓာတ်ပုံနဲ့ တကွ ဖေါ်ပြ ထားပါတယ်။

တိုက်ပွဲ ဖြစ်ပွားရာ နေရာ အနီး ရွာတွေက ရွာသား တွေကိုလည်း လုံခြုံရေး အရ အစိုးရ စစ်တပ် ကနေ ရွာပြင်ကို ပေး မထွက်ပဲ တားဆီး ထားတဲ့ အတွက် စားဝတ် နေရေး အခက် အခဲ ဖြစ်နေ ကြရ တယ်လို့ ပီချောင်း ဒေသခံ ရွာသား တစ်ဦးက ပြောပါတယ်။