ဦးဝင်းတင်ကွယ်လွန်တဲ့ ၁ နှစ်မြောက် အခမ်း အနားကျင်းပ

  • 21 ဧပြီ 2015
U Win Tin ဓာတ်ပုံ မူပိုင် AFP
Image caption ဦးဝင်းတင်ဟာ ထောင်က ထွက်ပြီး ကွယ်လွန်ချိန် အထိ ထောင်ဝတ်စုံ အရောင် ကိုသာ ဝတ်ဆင်ခဲ့

မြန်မာ့ နိုင်ငံရေးလောကမှာ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်တဲ့ တစ်နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၂၁ ရက် နေ့က ရန်ကုန်မြို့နဲ့ မြိုတချို့မှာ ကျင်းပခဲ့ကြပါတယ်။

တောင်ဝင်နှင်းဆီ ခမ်းမမှာ ကျင်းပခဲ့တဲ့ အဲဒီ အခမ်းအနားကို အန်အယ်လ်ဒီ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့ အစည်းက ကိုမင်းကိုနိုင်နဲ့ စာရေးဆရာ ဒါရိုက်တာ ဦးမိုးသူ တို့အပါအဝင် နိုင်ငံရေးအင်အားစု ခေါင်းဆောင်တွေနဲ့ လူငယ် နိုင်ငံ ရေးအင်အားတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနား တက်ရောက်သူ အများစုက ဦးဝင်းတင်ထောင်က ထွက်ပြီး ကတည်းက ဝတ်ဆင်ခဲ့တဲ့ ထောင်ဝတ်စုံရောင် အပြာရောင် အင်္ကျီကို ဝတ်ဆင် တက်ရောက်ခဲ့ကြ ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဦးဝင်းတင်ဟာ ပါတီနဲ့ ဒီမိုကရေစီရေးရာ အလုပ်တွေကို အောက်ခြေသိမ်း လုပ်ပေးခဲ့တဲ့ အတွက် ဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက် သာမက ဒီမိုကရေစီ ရဲဘော် တစ်ယောက်လည်း ဖြစ်ခဲ့ တယ်လို့ ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

တော်ဝင် နှင်းဆီက အခမ်း အနားအပြီးမှာ တချို့က ဦးဝင်းတင် အုတ်ဂူရှိရာ ရေဝေးသုသာန်ကို သွားရောက် ဂါရဝ ပြု့ခဲ့ကြပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူ တစ်ယောက် ဖြစ်ပြီး နှစ်ရှည် ထောင်ဒဏ် ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

သူလို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို ကူညီဖို့ ဦးဝင်တင်ဖောင်ဒေးရှင်း ကိုလည်း သူမကွယ်လွန်ခင် တည်ထောင်ခဲ့ပါတယ်။

သူကွယ်လွန် သွားခဲ့ချိန်ကစပြီး မိသားစုဝင် တွေနဲ့ မိတ်ဆွေ တွေက ဦးဝင်းတင် ဖောင်ဒေးရှင်းကို ဆက်လက် လုပ်ဆောင်နေပါတယ်။