၆ပွင့်ဆိုင် အပေါ် SNLD ထုတ်ပြန်

  • 22 ဧပြီ 2015
aye ဓာတ်ပုံ မူပိုင် AP
Image caption ၆ပွင့်ဆိုင် ဆွေးနွေးပွဲ ကိုယ်စားလှယ် ဒေါက်တာ အေးမောင်

၆ပွင့်ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသား ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ရဲ့ ဧရာဝတီ အင်တာဗျူး မှာ တိုင်းရင်းသား များနဲ့ သဘောတူ ထား သည်များ ကို ဆွေးနွေးခဲ့ ကြောင်းနဲ့ တိုင်းရင်းသား များ အား ပြန်လည် ရှင်းပြပြီး ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

ဒီအချက် နဲ့ ပတ်သက် ပြီး ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က ထိုသဘောတူညီ မှု ဆိုသည်များ ကို သူတို့နဲ့ တိုင်ပင် ထားတာ မရှိ သလို သူတို့ နှင့် သက်ဆိုင်မှု လည်း မရှိတဲ့ အကြောင်း ဧပြီ လ ၂၂ ရက် နေ့ ရက်စွဲနဲ့ သူတို့ သဘောထား ကို ထုတ်ပြန် ခဲ့ ပါတယ်။

SNLD ဟာ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ မှာ ဒေါက်တာ အေးမောင် ပါတာကို မကန့်ကွက် ပေမယ့် သူပြောဆိုပုံက လွှတ်တော် ပြင်ပက တိုင်းရင်းသား ပါတီ တွေပါ အကျုံးဝင် သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

၆ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကို SNLD က စောင့်ကြည့် အကဲခတ် နေပြီး သူတို့ အနေနဲ့ မျှော်လင့်ချက် ကြီးကြီး မထားပေမယ့် လုံးဝ မမျှော်လင့်တာလည်း မဟုတ်ဘူးလို့ SNLD ရဲ့ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် က ပြောပါတယ်။

SNLD အနေနဲ့ တနိုင်ငံလုံး အပစ်ရပ် လက်မှတ်ထိုး နိုင်ပြီးနောက် နိုင်ငံရေး အင်အားစု အားလုံး ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ က ထွက်လာတဲ့ ရလဒ်မျိုးကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

အဲဒီလို တွေ့နိုင်ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကို ဖြေရှင်း နိုင်လိမ့်မယ်လို့ သူတို့ ဘက်က ယူဆ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ