အပစ်အခတ်ရပ်စဲရေးမူကြမ်း အရေး KNU ခေါင်းဆောင်တွေ ဆွေးနွေး

  • 23 ဧပြီ 2015
knu ဓာတ်ပုံ မူပိုင် burmese
Image caption အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ကို အကြိတ်အနယ် ဆွေးနွေးခဲ့ရ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်း ကို လက်မှတ်ရေးထိုးခဲ့တဲ့ကိစ္စ နဲ့ ပတ်သက်ပြီး ဧပြီလ ၂၀ ကနေ ၂၂ ရက် နေ့အထိ လုပ်ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုကော်မီတီ အစည်းအဝေး မှာ ခေါင်းဆောင်တွေ အကြိတ်အနယ် ဆွေးနွေးနေကြပြီးတဲ့နောက် သဘောတူညီမှု ရခဲ့ကြ ပါတယ်။

အဲလို သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ ဗဟိုကော်မီတီမှာ အရင် က ကြိုတင်ဆုံးဖြတ်ချက် မရှိခဲ့တဲ့ အတွက် အခုလို ဆွေးနွေးခဲ့ရတာပါ။

ဗဟိုကော်မီတီ အစည်းအဝေးပြီးခဲ့ပေမယ့် အဲဒီစာချုပ်မူကြမ်းမှာ ပြင်ဆင်လိုတဲ့အချက်တွေ ကိုတော့ KNU ခေါင်းဆောင်ပိုင်းတွေ အကြားမှာ ဆက်လက် ဆွေးနွေးကြပါလိမ့်မယ်။