ကမ္ဘာ့​ဘဏ်​က မြန်မာ​ကို ဒေါ်လာ သန်း​၁​၆​၀⁠၀​ဖိုး အကူအညီ​ပေး

world_bank_log
Image caption ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေ ကို အကူအညီ ပေးရေး ဖွဲ့စည်း ထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့ လက်အောက်ခံ IDA က လာတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ် ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အဖွဲ့ IDA နဲ့ မြန်မာ နိုင်ငံ အကြား ၂၀၁၅ ကနေ ၂၀၁၇ ခုနှစ် အတွက် ပူးပေါင်း ဆောင်ရွက် မယ့် အစီအစဉ် တစ်ရပ် ကို ကမ္ဘာ့ဘဏ် အမှုဆောင် ဒါရိုက်တာ အဖွဲ့ က ဧပြီ ၂၃ ရက် နေ့က အတည် ပြုလိုက် ပြီ ဖြစ်ပါတယ်။

အဲဒီ့ အစီအစဉ် အရ IDA အနေနဲ့ မြန်မာ နိုင်ငံ ကို အမေရိကန် ဒေါ်လာ သန်း ၁၆၀၀ အထိ နှစ်ရှည် အတိုးမဲ့ ချေးငွေ နဲ့ ထောက်ပံ့ငွေ တွေ အပါအဝင်၊ နည်းပညာ နဲ့ အသိပညာ ဆိုင်ရာ အကူအညီ တွေ ပေးသွား မှာ ဖြစ်တယ် လို့ ကမ္ဘာ့ ဘဏ် အုပ်စု က ထုတ်ပြန် ပါတယ်။

အခု လို ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေ ကို ကူညီဖို့ ဖွဲ့စည်း ထားတဲ့ ကမ္ဘာ့ဘဏ် ရဲ့ အဖွဲ့ခွဲ IDA ကနေ အကူအညီ ပေးမယ့် အစီအစဉ် ဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အကြိမ် ဆောင်ရွက် လာ တဲ့ ကမ္ဘာ့ဘဏ် ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် မှု အစီအစဉ် ဖြစ်ပါတယ်။

အစီအစဉ် ကာလ ၃ နှစ်တာ ကာလ အတွင်း မှာ မြန်မာ နိုင်ငံ က ကိုယ်ဝန် ဆောင် မိခင် နဲ့ ကလေးငယ် ၃ သန်း တို့ အတွက် ကျန်းမာရေး ဝန်ဆောင် မှု တွေ ပိုမို တိုးတက် လာဖို့ ဖြစ်ပြီး လူဦးရေ ၆ သန်း လောက်လည်း လျှပ်စစ်မီး အပါအဝင် တခြား အခြေခံ ပြည်သူ့ ဝန်ဆောင်မှု တွေ ရဲ့ အကျိုးကျေးဇူး တွေ တိုးတက် ခံစား နိုင် ဖို့ ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ် အုပ်စု ရဲ့ ထုတ်ပြန် ချက် ထဲ ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ