ကိုးကန့်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်

  • 24 ဧပြီ 2015
Kokang Soldier ဓာတ်ပုံ မူပိုင် Reuters
Image caption ကိုးကန့် တပ်သားများ

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသက လောက်ကိုင်မြို့ အရှေ့မြောက်ဘက် နမ်ထီးမန်ဆန် အရပ်မှာ အစိုးရ စစ်တပ်နဲ့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA ကိုးကန့် တပ်ဖွဲ့တွေကြား ဧပြီလ ၂၃ ရက် ကြာသပတေး နေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပါတယ်။

တိုက်ပွဲတွေကြောင့် အကျအဆုံးအများအပြား ရှိခဲ့တယ်လို့ MNDAA ကိုးကန့် တပ်ဖွဲ့ဘက်က ပြောပါတယ်။

ကြာသပတေး နေ့ မနက်က စတင်ပြီး အစိုးရ စစ်တပ် အမြောက်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့ အပြင် မြေပြင် တပ်တွေကလည်း ထိုးစစ် ဆင်ခဲ့တာ ညပိုင်းမှ ရပ်တန့်သွားတယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ အတွင်းရေးမှူး လည်းဖြစ် ပြောခွင့်ရပုဂ္ဂိုလ် လည်းဖြစ်တဲ့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

အစိုးရ စစ်တပ် ဘက်က ထိုးစစ်ဆင်တဲ့ အချိန်မှာ ကိုးကန့် တပ်တွေနဲ့ ထိပ်တိုက်တွေ့ပြီး နှစ်ဘက် အကျအဆုံးတွေ ရှိခဲ့တယ်လို့သူက ပြောပါတယ်။

ကိုးကန့် ဘက်က လူ ၂ ယောက် သေဆုံးခဲ့ပြီး ၁၂ ယောက် ဒဏ်ရာ ရခဲ့သလို စစ်တပ် ဘက်ကလည်း လူ ၉၀ အထက် သေဆုံးပြီး ဒဏ်ရာရသူ ၂၀၀ ကျော်ရှိတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပေမဲ့ အစိုးရ ဘက်ကတော့ အဲဒီတိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ဖော် မပြောသေးပါဘူး။

အစိုးရတပ်ဘက် ဓါတုဗုံးတမျိုးသုံးတယ်လို့ လည်း MNDAA ကိုးကန့်တပ်ဖွဲ့ဘက်က စွပ်စွဲခဲ့ပါတယ်။

ကိုးကန့်တပ်ဖွဲ့က ပြောကြားတဲ့ အစိုးရစစ်တပ်ရဲ့ အကျအဆုံး အရေအတွက်နဲ့ ဓါတုလက်နက်သုံးမသုံး ဆိုတာတွေနဲ့ ပတ်သက်လို့ အစိုးရစစ်တပ်ရဲ့ ပြောရေးဆိုခွင့် ရှိသူတဦးကို ဆက်သွယ်ခဲ့ရာမှာ မြဝတီ တီဗီ အွန်လိုင်း စတဲ့ သတင်းတွေ ကနေ ထုတ်ပြန်သင့်တာတွေကို ထုတ်ပြန်နေတယ်လို့ တုံ့ပြန် ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ