ရို​ဟင်​ဂျာ​အရေး အချိန်မီ​ဖြေ​ရှင်း​ဖို့ ဘန်​ကီ​မွ​န်းပြော

united_nations_secretary_general_ban_ki-moon_ ဓာတ်ပုံ မူပိုင် Reuters
Image caption ရခိုင်ပြည် ရေရှည်ငြိမ်းချမ်းဖို့ ရိုဟင်ဂျာအရေး ကိုင်တွယ်ဖို့ လိုတယ်လို့ မစ္စတာဘန် ပြော။

ကုလသမဂ္ဂ အတွင်းရေး မှုးချုပ် ဘန်ကီမွန်း က မြန်မာ နိုင်ငံ မှာ အခုနှစ် အကုန်ပိုင်း ကျင်းပဖို့ စီစဉ်ထား တဲ့ ရွေးကောက်ပွဲ မတိုင်ခင် ရခိုင် ပြည်နယ် တွင်းက ရိုဟင်ဂျာ မွတ်ဆလင်မ် တွေ ရဲ့ နိုင်ငံသား ဖြစ်ခွင့် ပြဿနာ ကို ကိုင်တွယ် ဖြေရှင်း ဖို့ မြန်မာ အစိုးရ ကို တိုက်တွန်း လိုက်ပါတယ်။

ရခိုင် ပြည်နယ် အခြေအနေ နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း မှာ စိုးရိမ်မှု တွေ အကြီးအကျယ် ဆက်လက် ရှိနေဆဲ ဖြစ်တယ် လို့ မစ္စတာ ဘန် က မြန်မာ နိုင်ငံ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံများ အုပ်စု ရဲ့ တွေ့ဆုံ ပွဲ မှာ ပြောခဲ့ တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ် တွင်း က မွတ်ဆလင်မ် တွေ ရဲ့ နိုင်ငံသား ပြဿနာ ကို အပြည့်အဝ ကိုင်တွယ် မဖြေရှင်း နိုင်သ၍ ပြည်နယ် တွင်း တည်ငြိမ်ရေး ကို ရေရှည် ဆက်လက် ထိန်းနိုင် မှာ မဟုတ်ဘူး လို့လည်း မစ္စတာ ဘန် က ဆိုပါတယ်။

ဒါ့အပြင် ကိုးကန့် စစ်ပွဲ အပါအဝင် ရှမ်းပြည် နဲ့ ကချင် ပြည်နယ် တို့ မှာ ဖြစ်ပေါ် နေတဲ့ တိုက်ပွဲ တွေ အတွက် လည်း စိုးရိမ် ကြောင်း မစ္စတာ ဘန် က ပြောခဲ့ပါ တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ