ရခိုင်က ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခြေအနေ

  • 25 ဧပြီ 2015
rohingya ဓာတ်ပုံ မူပိုင် Reuters
Image caption ရိုဟင်ဂျာ မဲပေးခွင့်မရရေး ဆန္ဒပြမှုတွေရှိ

ရခိုင်က ရိုဟင်ဂျာ မွတ်ဆလင် တွေရဲ့ အခြေအနေ ဟာ ဘန်ကီမွန် ပြောသလို စိုးရိမ် စရာ မဟုတ်ဘူးလို့ ရခိုင် ကော်မရှင် မှာ ပါဝင်ဖူးပြီး လက်ရှိ မြန်မာ သမ္မတ အကြံပေး လည်းဖြစ်တဲ့ ဒေါက်တာ ရင်ရင်နွယ် က တုံ့ပြန် လိုက်ပါတယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံ တနိုင်ငံ အနေနဲ့ မြန်မာပြည်မှာ မတည်ငြိမ်မှု တွေ ရှိပေမယ့် ဒေသတွင်း နိုင်ငံတွေ မှာလည်း ပဋိပက္ခတွေ ဖြစ်ပွား နေတာတွေ ရှိပါတယ် လို့ သူက ဆိုပါတယ်။

ဘန်ကီမွန် အနေနဲ့ မြန်မာ နိုင်ငံမှာ ကုလ သမဂ္ဂ ရုံးတွေ ရှိပေမယ့် အခြေအနေတွေကို သေချာ မသိနိုင်ဘူးလို့ လည်း သူက ပြောပါတယ်။

ကုလ အနေနဲ့ ရခိုင် က မွတ်ဆလင်တွေ မှာ လူ့အခွင့်အရေး ချိုးဖောက် ခံရတာတွေ မရှိအောင် သာ ပြောဆိုမှုတွေ လုပ်သင့်တယ် ၊ ဘန်ကီမွန်ရဲ့ ပြောကြားမှုတွေဟာ အချုပ်အခြာ အာဏာ ကို ချိုးဖောက်တာ ဖြစ်တယ် လို့လည်း ပြောကြား ပါတယ်။

မြန်မာ အစိုးရ အနေနဲ့ လည်း နိုင်ငံသား အချင်းချင်း လူမျိုး မခွဲ ဘာသာ မခွဲဘဲ ဆက်ဆံသင့် တယ်လို့ သူက ထောက်ပြ ပါတယ်။

အနောက် နိုင်ငံ တွေက ရခိုင်မှာ မွတ်ဆလင် တွေကို မှတ်ပုံတင် စာရင်း ပေးမှာရာ ရိုဟင်ဂျာ နာမည်နဲ့ ထည့်သွင်းဖို့ တိုက်တွန်းခဲ့လို့ စာရင်း ကောက်ခံမှုတွေ နှောင့်နှေး နေတယ်လို့ လည်း သူက ဆိုပါတယ်။

ပြည်သူ လူထု အနေနဲ့ စည်းကမ်း ပိုရှိသင့်ပြီး စည်းလုံးမှု လည်း ပိုရှိသင့်တယ်၊ ဘာသာရေး ကိစ္စတွေကို အစိုးရ တခုတည်းက ကိုင်တွယ် ထိန်းသိမ်းဖို့ မလွယ်ဘူးလို့ ဒေါက်တာ ရင်ရင်နွယ် က ပြောပါတယ်။

စီးပွားရေး ကောင်းလာပြီး လူတွေ ပညာ ပိုတတ်လာရင် ဒီလို ပြဿနာတွေ ပြေလည်လာတာကို တခြား နိုင်ငံတွေက ဥပမာ တွေနဲ့ သိရတယ် လို့လည်း သူက သုံးသပ် ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ