ရွှေ့​ပြောင်း လုပ်သား​တွေ​အရေး ILO နဲ့ ပူးပေါင်း​ဆောင်ရွက်

_thai_burma_migrant_workers ဓာတ်ပုံ မူပိုင် Reuters
Image caption ထိုင်းအစိုးရ က သူတို့ နိုင်ငံထဲ မှာ တရားမဝင် အလုပ်သမား တွေ ဆက်လက်ထားမှာ မဟုတ်တော့ဘူး လို့ မြန်မာ အစိုးရ ကို ပြောခဲ့။

ထိုင်းနိုင်ငံ ထဲ က မြန်မာ ရွှေ့ပြောင်း လုပ်သား တွေ အရေးနဲ့ ပတ်သက်ပြီး လက်ရှိ ထိုင်း အစိုး ရ ရဲ့ သဘောထား က တရားမဝင် ဝင်ရောက် သူ တွေ အားလုံး ကို ဖမ်းဆီး မယ် လို့ ပြောထား ကြောင်း မြန်မာ အာဏာ ပိုင် တွေ ဘက် က ဆိုပါတယ်။

ဒါ့ကြောင့် ထိုင်း နိုင်ငံထဲ ရောက်နှင့် ပြီး သူတွေ အတွက် တရားဝင် နေထိုင်ခွင့် လမ်းကြောင်း ပေါ် ရောက် နိုင်ဖို့ မြန်မာ အစိုးရ ဘက်က ယာယီ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေး နေတာမျိုး လုပ် နေပါတယ်။

နောက် သွားမယ့် သူတွေ အတွက် တရားဝင် လမ်းကြောင်း ကနေ သွားဖို့ အသိ ရှိလာ အောင် အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO နဲ့ အစိုးရတို့ ပူးပေါင်းပြီး အလုပ်သမား အခွင့် အရေး တွေ အကြောင်း သင်တန်း တွေ ပို့ချ ပေးတာ မျိုး ဆောင်ရွက် နေတယ် လို့ အလုပ်အကိုင် နဲ့ လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင် က ပြောပါတယ်။

ILO က နည်းပညာဆိုင်ရာ အရာရှိ Jackie Pollock က လည်း ပြည်ပထွက် အလုပ် လုပ်လို သူ တွေ အနေနဲ့ ရသင့် ရထိုက်တဲ့ အလုပ်သမား အခွင့် အရေး တွေ ကို နားလည်ပြီး တရားဝင် လမ်းကြောင်း တွေ ကနေသာ ပြည်ပ ကို ထွက်ခွာ အလုပ် လုပ် ကိုင် ချင်လာ အောင် ဆောင်ရွက် မယ် လို့ ပြောပါတယ်။

ထိုင်းနိုင်ငံ ထဲ မှာ ရောက်ရှိ နှင့်ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား ၃ သန်း လောက် နဲ့ မလေးရှား မှာ ၁ သန်း လောက် ရှိတယ် လို့ ခန့် မှန်း ရ ပါတယ်။

သူတို့ တွေ ဟာ နိုင်ငံရေး စီးပွားရေး အခြေအနေ တွေ ကြောင့် ထွက်ခွာ လာရသူ တွေ နဲ့ နယ်စပ် တိုက်ပွဲ တွေ ကြောင့် မိသားစု လိုက် ထွက်ပြေး လာရသူ တွေ အပြင် လူမှောင်ခို သမားတွေ ရဲ့ ရောင်းစား ခံရသူ တွေ လည်း ပါဝင် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ